Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်အရှေ့ခြမ်းမှာ တိုက်ပွဲဖြစ်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်းအမှတ်(၂)ကရဲဘော်တွေ ကရင်နီဒေသအတွင်း နယ်မြေလုံခြုံရေးနဲ့ စစ်ရေးလှုပ်ရှားမှုလုပ်နေစဉ်။ ဓာတ်ပုံ - KNDF

နိုဝင်ဘာ-၁၀၊၂၀၂၅။ဇော်ဝင်း/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဒီကနေ့(နိုဝင်ဘာ ၁၀ရက်) မနက်ပိုင်းကစပြီး လွိုင်ကော်မြို့နယ် ၊ကွန်နားကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းက​ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

“အထိနာလို့ လေယာဥ်နဲ့ကြဲတာ။ ရဲဘော်တချို့ ထိခိုက်တာရှိတယ်”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၁၀၀၀ထက်မနည်း စစ်ရှောင်နေရပြီး အကူအညီလိုအပ်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီပြန်ထိန်းချုပ်နိုင်ပြီဆိုတဲ့ မိုးဗြဲမြို့မှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ရှမ်းတောင်အခြေစိုက်ရဲဘော်တစ်ဦးက ပြောပါတယ်။

“စက်တော်ရာကုန်းဘက်မှာ ဖြစ်တာ။နှစ်ဖက်အထိအခိုက်ရှိတယ်။ဒါပေမယ့် PNO တွေရော၊ စစ်သားတွေ သေတာ ၃၀ကျော်လောက်ရှိတယ်”လို့ ၎င်းက ပြောပါတယ်။

ကရင်နီပြည်နယ်နဲ့ ပြည်နယ်တလျှောက်စစ်ရေးအခြေအနေအရ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲ နဲ့ ရှမ်း -ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီက စစ်မျက်နှာငါးခု ဖွင့်ပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ကရင်နီပြည်နယ်ကို စစ်ကောင်စီ ထိုးစစ်ဆင်ရာမှာ စစ်မှုထမ်းတပ်သားတွေနဲ့ ပအိုဝ်းပြည်သူ့စစ် PNO တွေ အဓိထားအသုံးပြုထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။