Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ စစ်တပ်​ရွေး​ကောက်ပွဲကို ဆန္ဒပြ

ကချင်ပြည်နယ်၊ဖားကန့်မြို့မှာ ယ​နေ့ မနက်ပိုင်း က တရုတ်အစိုးရ အားပေး ကူညီ မှုနဲ့စစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင့် ကန့်ကွက်​ကြောင်း ဆန္ဒပြကြပါတယ် ။

ကချင်ပြည်နယ်၊ဖားကန့်မြို့မှာ နိုဝင်ဘာ ၂၀ရက်က စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင့် ကန့်ကွက်​ကြောင်း ဆန္ဒပြနေစဉ်။ ဓာတ်ပုံ-ဖားကန့်မြို့နယ်မှော်လှည့်သပိတ်စစ်​ကြောင်း

နိုဝင်ဘာ-၂၀၊၂၀၂၅။People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့မှာ ယ​နေ့ မနက်ပိုင်း က တရုတ်အစိုးရ အားပေး ကူညီ မှုနဲ့စစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင့် ကန့်ကွက်​ကြောင်း ဆန္ဒပြကြပါတယ် ။

ဖားကန့်မြို့နယ်မှော်လှည့်သပိတ်စစ်​ကြောင်းနဲ့ ​ဒေသခံပြည်သူ​တွေစုစု​ပေါင်း အင်အား ၅၀ ​ကျော်က “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးပါနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနှင့် သပိတ်မှောက်”၊ “အာဏာရှင် လုပ်တဲ့ ဒီမိုကရေစီ အပြောင်းအလဲဆိုတာ ဖာခေါင်းကလုပ်တဲ့ ပြည်တာဆာ ပပျောက်ရေးလိုပဲ ဖြစ်လိမ့်မယ်” စတဲ့

စာတန်း​တွေ ကိုင်ဆောင်ပြီး စစ်တပ်​ရွေး​ကောက်ပွဲကိုဆန့်ကျင် ​ကြောင်းလမ်း​လျှောက်ဆန္ဒပြခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

ဒါအပြင် “ဘယ်အာဏာရှင် စနစ်မှအလိုမရှိ” ၊ “ညစ်ပတ်တဲ့ စစ်တပ်အမြစ်ဖြတ်”၊ “တရားမဝင်အတုအ​ယောင်​ရွေး​ကောက်ပွဲ ရတဲ့နည်းနဲ့ ဆန့်ကျင်ကြ” ၊ “ပြည်သူ့ဘက်ကို မျက်နှာမူပါ ပြည်သူ့​​မေတ္တာစူးပါ​စေသား ” စတဲ့ ​ကြွေး​ကြော်သံ​တွေလည်း ​ကြွေး​ကြော်ခဲ့ပါတယ် ။ ဖားကန့်မှာ စစ်တပ်စစ်​ကြောင်း​တွေဝင်လာပြီး တိုက်ပွဲ​တွေမကြာခဏဖြစ်​နေတဲ့ ကြားက နိုဝင်ဘာ ၂၀ ရက်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ် ။

ဆန္ဒပြပွဲမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ၊အာဆီယံ ၊ကုလသမဂ္ဂ ၊အ​မေရီကန် ၊ဂျပန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း ကလည်း စစ်တပ်ရွေးကောက်ပွဲ ကိုအသိအမှတ်မပြုကြဖို့တောင်းဆိုခဲ့ကြပါတယ်။ဒါ့အပြင်ပြည်သူ​တွေကို မီးရှို့ သတ်

ဖြတ် ဗုံးကျဲနေတဲ့ မင်းအောင်လိုင်ကိုထောက်ခံ ကူညီနေတဲ့ တရုတ်အစိုးရ အနေဖြင့် လည်းမြန်မာပြည်သူ​တွေသတ်ဖြတ်ခံရအောင် ကူညီနေတာ၊ တရားမဝင်ရွေးကောက်ပွဲကိုကူညီထောက်ခံနေတာ​တွေကိုရပ်တန့်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ဓါတ်ပုံ-ဖားကန့်မြို့နယ်မှော်လှည့်သပိတ်စစ်​ကြောင်း

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။