Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့လယ်က ကျောက်တံတားရဲစခန်းကို မြို့ပြအဖွဲ့တွေ တိုက်ခိုက်

စစ်‌ကောင်စီလုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမပေါ်က ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရန်ကုန်မြို့လယ်က ကျောက်တံတားမြို့နယ်ရဲစခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images

နိုဝင်ဘာ-၂၅၊၂၀၂၅။သတိုး/People’s Spring

စစ်‌ကောင်စီလုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမပေါ်က ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လက်ပစ်ဗုံး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စခန်းရှေ့ ရှေ့ကင်းတဲတွေနားကျရောက်ပေါက်ကွဲခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒီစစ်ဆင်ရေးကို နိုဝင်ဘာ ၂၅ရက် နံနက် ၁နာရီခန့်မှာ Operation Flame နဲ့အတူ အနောက်ပိုင်းခရိုင် ၊ ကြည့်မြင်တိုင်နဲ့ လသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လှုပ်ရှားနေကြပြီး ပြည်သူများအား နည်းမျိုးစုံဖြင့် မတရားဖမ်းဆီး နှိပ်စက်နေသော ကျောက်တံတားရဲတပ်ဖွဲအား Operation Flame-“Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပါသည်။ ” လို့ Operation Flame က ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးလုပ်ဆောင်တဲ့ ရဲဘော်တွေ အားလုံးဘေးကင်းပြီး လူရှင်း လမ်းရှင်း တဲ့ အချိန်ကိုလုပ်ဆောင်ခဲ့ရတာကြောင့် စစ်ဆင်ရေးရဲ့နောက်ဆက်တွဲ အခြေအနေကို မသိရသေးဘူးလို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

ရန်ကုန်မြို့မှာ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့ အမျှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ပါ လုံခြုံရေးယူနေတာတွေရှိသလို ရွေးကောက်ပွဲကြော်ငြာဆိုင်းဘုတ်တွေနားမှာလည်း စောင့်ကြပ်မှုတွေကို တွေ့မြင်ရပါတယ်။

Operation Flame အနေနဲ့တော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝလက်ခံမှာမဟုတ်ပဲ ရန်ကုန်မြို့ပြအဖွဲ့တွေနဲ့ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်မယ်လို့ အသိပေးထားပါတယ်။

ရန်ကုန်မြို့ပြ‌အဖွဲ့တွေက ဩဂုတ်လကစတင်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အတွက် လုပ်ဆောင်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေ အပါအဝင် စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာပါ။

နိုဝင်ဘာလထဲမှာလည်း မှော်ဘီမြို့က ကြံ့ဖွံ့ရုံး ၊ ရွှေပေါက္ကံမြို့သစ် (၂၂)ရပ်ကွက်ရုံး ၊ လှည်းကူးမြို့ ဇရပ်ကွင်း ရပ်ကွက်ရုံးနဲ့ ရွှေပေါက္ကံမြို့က အုပ်ချုပ်ရေးမှူးရုံးတွေကို မြို့ပြအဖွဲ့တွေက တိုက်ခိုက်မှုတွေပြုလုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။