Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ဖားကန့်ဒေသကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုပိုလုပ်လာ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီက လေကြောင်း၊ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ နေ့ရောညပါပစ်ခတ်နေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ၂၀၂၅ ဇွန် ၃ ရက်က လက်နက်ကြီးကျရောက်၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း။ ဓာတ်ပုံ - နောင်ရိုး

နိုဝင်ဘာ-၂၅၊၂၀၂၅။အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီက လေကြောင်း၊ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ နေ့ရောညပါပစ်ခတ်နေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဖားကန့်မှာ နိုဝင်ဘာ ၁ဝရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက်ပိုင်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်တော့ပေမယ့် စစ်ကောင်စီက လေကြောင်း၊ဒရုန်းနဲ့လက်နက်ကြီးတွေ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ညက ဖားကန့ဒေသ ယူမာကျေးရွာဘက်ကို Y12လေယာဉ်ပျံသန်းသလို ဒရုန်းနဲ့လည်း ဗုံးကြဲခဲ့လို့ ဒေသခံတွေရဲ့ နေအိမ်တချို့ပျက်စီးခဲ့ပါတယ်။ ဒီနေ့ (နိုဝင်ဘာ၂၅ရက်) မနက်ပိုင်းမှာတော့ ကုဋေမှော်နဲ့ မားဆားရွာကြားကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ခဲမလောင်ကုန်းဘက်ကိုလည်း ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၀ရက်ညပိုင်းကလည်း ဖားကန့်တပ်မကုန်းနဲ့ မရှီကထောင်ကုန်းကနေ ဆိပ်မူရပ်ကွက်(၁)နဲ့ရပ်ကွက်(၃)ဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်လို့၂နှစ်အရွယ် ကလေး၁ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

ဖားကန့်ဒေသမှာ နိုဝင်ဘာ ၁၀ရက်ကနေ ဒီနေ့နိုဝင်ဘာ၂၅ရက်အတွင်း စစ်ကောင်စီက လေကြောင်း၊ဒရုန်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သားသေဆုံးသူ ၆ဦးနဲ့ ဒဏ်ရာရသူ ၁၀ဦးရှိခဲ့တဲ့လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက လေကြောင်း၊ဒရုန်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် အင်အား ၁၀၀ကျော်ပါတဲ့ စစ်ကြောင်းတစ်ခုဟာ ဒီနေ့နေ့လည်ပိုင်းမှာ ကုဋေမှော်ကျေးရွာကို ရောက်ရှိနေတယ်လို့သိရပါတယ်။

လက်ရှိ ဖားကန့်ဒေသတွင်းအခြေအနေတွေနဲ့ ပတ်သက်လို့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA)က သီးခြားသတင်းထုတ်ပြန်မထားပေမယ့် စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့တွေ့ရင် ကြိုတင်ရှောင်တိမ်းဖို့၊ လမ်းပေါ်ထွက်ပြီးကြည့်တာမျိုးတွေမလုပ်ဖို့နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုလည်းသတိပြုဖို့ သတိပေးထားပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းနေတဲ့ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Kachin Human Rights Watch-KHRWက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။