Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် မှာတိုက်ပွဲပြင်းထန် ၊KIA နဲ့KPDF က စစ်သုံ့ပန်းတွေကို ဖမ်းမိထား

နိုဝင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People’s Spring

ဖားကန့်မှာ မနေ့ညပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သုံးပန်းအများအပြားကို KIA ၊KPDF ပူးပေါင်းတပ်က ဖမ်းမိခဲ့ပါတယ်။

ဆန်းကြွယ်နဲ့ ရှရော်ခရွာကို စစ်တပ်စစ်ကြောင်းဝင်လာလို့ ည၇နာရီခန့်ကစပြီး ညနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။

“စစ်ကြောင်းဝင်လာလို့ပိတ်ဆော်တာပါ။စစ်တပ်ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပါ ချတာ။ လေယာဉ်လည်းလာတယ်။ တိုက်ပွဲမှာတော့ ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေပါ မိထားတယ်” လို့ ဒေသခံသတင်း စစ်​ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်မှာ နိုဝင်ဘာ ၂၅ ရက်ည ကတည်းကတိုက်ပွဲဖြစ်ခဲ့တာဟာ ဒီကနေ့( နိုဝင်ဘာလ၂၆ရက်) မနက်အစောပိုင်းအထိလက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ၁ဝရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက်ရက်မှာငြိမ်သက်‌နေတာကနေ နိုဝင်ဘာ ၂၅ရက်ညမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားတာပါ။ ဒါ​ပေမယ့် နိုဝင်ဘာ ၁၀ ရက်နောက်ပိုင်းမှာ တိုက်ပွဲ ငြိမ်သက်ခဲ့​ပေမယ့် စစ်တပ်က လေကြောင်း၊ဒရုန်းနဲ့လက်နက်ကြီးတွေနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

နိုဝင်ဘာ ၂၅ ရက်ညမှာလည်း ဖားကန့် ယူမာရွာဘက်ကို Y12လေယာဉ်ဖြန်ပျံသလို ဒရုန်းနဲ့လည်း ဗုံးကြဲခဲ့လို့ ဒေသခံတွေရဲ့ အိမ်တချို့ပျက်စီးခဲ့ပါတယ်။မနက်ပိုင်းကလည်း ကုဋေမှော်နဲ့ မားဆားရွာကြားကိုလက်နက်ကြီးနဲ့ပစ်ခတ်ပြီး မလောင်ကုန်းဘက်ကိုလည်း ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့သိရပါတယ်။

လုံးခင်းအုပ်စုကုဋေကျေးရွာမှာ စစ်ကောင်စီကဒရုန်းဗုံးကြဲလို့ ကုဋေနှစ်ခြင်းဘုရားကျောင်းသင်းအုပ်ဆရာနေအိမ်နဲ့ ဘုရားကျောင်းသုံးကားတစ်စီး၊နားနေဆောင်တစ်ခုပျက်စီးသွားပါတယ်။ မီးသတ်ရုံးထဲကိုလည်း ဗုံးကြဲလို့ အမျိုးသားတစ်ဦးဒဏ်ရာခဲ့ပါတယ်။

ဖားကန့်လက်ရှိအခြေအ‌‌နေက စစ်ရေးဆက်လက်တင်းမာလာနိုင်သလို စစ်ကောင်စီက လေကြောင်း၊ဒရုန်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးကိုပိုပြီးဂရုစိုက်ကြဖို့ KIA ပြောခွင့်ရ ဗိုလ်မှုးကြီးနော်ဘူက မနေ့က မနက်ပိုင်း People’s Spring နဲ့ အင်တာဗျူးစဥ်သတိပေးပါတယ်။

ဖားကန့် မှာတိုက်ပွဲပြင်းထန် ၊KIA နဲ့KPDF က စစ်သုံ့ပန်းတွေကို ဖမ်းမိထား နိုဝင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People's Spring…

Posted by People's Spring on Tuesday 25 November 2025

ရုပ်သံ-Naw Tu Awng

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး