Connect with us

Hi, what are you looking for?

သတင်း

သြစတြေးလျလွှတ်တော်ရှေ့မှာ စစ်အုပ်စုရွေးကောက်ပွဲ ကန့်ကွက်ကြောင်း ဆန္ဒပြ

သြစတြေးလျနိုင်ငံ မြို့တော် ကန်ဘာရာမြို့ရှိ လွှတ်တော်အဆောက်အအုံရှေ့မှာ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ပေးပို့

နိုဝင်ဘာ-၂၇၊ ၂၀၂၅။ People’s Spring

သြစတြေးလျနိုင်ငံ မြို့တော် ကန်ဘာရာမြို့ရှိ လွှတ်တော်အဆောက်အအုံရှေ့မှာ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

သြစတြေးလျနိုင်ငံရောက် မြန်မာတွေ စုဝေးပြီး စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဒီနှစ်ကုန်ပိုင်းမှာ စစ်တပ်ကျင်းပမယ့်ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်ပြီး သြစတြေးလျအစိုးရအနေနဲ့ စစ်အုပ်စုရွေးကောက်ပွဲကို အသိအမှတ်ပြုလက်မခံဘဲ တရားဝင်မှု မပေးဖို့ အဲဒီဆန္ဒထုတ်ဖော်ပွဲမှာ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီဆန္ဒထုတ်ဖော်ပွဲကို CRPH/NUG Support Group(သြစတြေးလျ)က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာနွယ်ဖွား ၂၀၀ နီးပါးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒထုတ်ဖော်သူတွေက ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်သုံးစစ်တိုက်ဖျက်ရေးကြွေးကြွော်သံတွေနဲ့အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးချက်ချင်းလွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း၊ ထွက်ပေါက်မဟုတ်တဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ စစ်ကောင်စီကို ကူညီနေတဲ့ တရုတ်၊ ရုရှား တို့က ပြည်သူတွေရဲ့ ရန်သူဖြစ်ကြောင်း ဆန္ဒပြပွဲတက်ရောက်လာသူတွေက ကြွေးကြော်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

မြန်မာစစ်တပ်ဟာ အကြောက်တရား၊ ရန်လို အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေ ထူပြောနေတဲ့ အခြေအနေတစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂ(UN)က ဒီဇင်ဘာ ၂၃ရက် မနေ့က သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ မဲဆွယ်စည်းရုံးရာမှာ ‘တော်လှန်ရေး’စကားလုံးထည့်သွင်းသုံးနှုန်းခဲ့တယ်ဆိုပြီး အမတ်လောင်း ဦးလွင်မြင့်ဟာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဂ)နဲ့ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်ကြောင်း ပြည်သူလူထုက ထုတ်ဖော်ပြောဆိုပြသနိုင်ဖို့ ကိုယ့်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ REJECT SHAM ELECTION စာသားပါ Profile Picture ပြောင်းလဲရေး ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ကြဖို့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဖော်ပြနေတဲ့ Anti Sham Election(တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး) ဖေ့စ်ဘွတ်ခ်...