Connect with us

Hi, what are you looking for?

သတင်း

CDMဆေးရုံအုပ်ကြီးဖမ်းဆီးမှုဖြစ်စဉ် အကျည်းတန်ပြီး CDMတွေကို လေးစားတန်ဖိုးထားသင့်တယ်လို့ CDM Medical Network ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပအဖတာဝန်ခံဟောင်း CDM ဆေးရုံအုပ်ကြီးဒေါက်တာခင်သူသူလွင် ဖမ်းဆီးမှုဖြစ်စဉ်မှာ ကာယိအိန္ဒြေပျက်အောင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အကျည်းတန်တယ်လို့ ယူဆကြောင်းနဲ့ CDMတွေကို လေးစားတန်ဖိုးထားဆက်ဆံစေလိုတယ်လို့ CDM Medical Network က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပအဖ တာဝန်ခံဟောင်း ဒေါက်တာခင်သူသူလွင်ကို ပလဖက နိုဝင်ဘာ ၃၀ ရက်က ဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - Screengrab

ဒီဇင်ဘာ-၂၊၂၀၂၅။မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပအဖတာဝန်ခံဟောင်း CDM ဆေးရုံအုပ်ကြီးဒေါက်တာခင်သူသူလွင် ဖမ်းဆီးမှုဖြစ်စဉ်မှာ ကာယိအိန္ဒြေပျက်အောင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အကျည်းတန်တယ်လို့ ယူဆကြောင်းနဲ့ CDMတွေကို လေးစားတန်ဖိုးထားဆက်ဆံစေလိုတယ်လို့ CDM Medical Network က ထုတ်ပြန်ပါတယ်။

ဒေါက်တာခင်သူသူလွင်ကို မင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က သင်တောရွာက ‌ဆေးခန်းမှာ နိုဝင်ဘာ ၃၀ရက်က ဖမ်းဆီးခဲ့တာပါ။

လုပ်ငန်းဆိုင်ရာစာရင်းဇယားတွေနဲ့ အခွန်ငွေကျပ်သိန်းပေါင်း၃,၀၀၀ကျော် ပြန်အပ်နှံရေးအတွက်အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပေမယ့်မရလို့ဖမ်းဆီးထိန်း သိမ်းခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူ ဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ဖမ်းဆီးစဉ်မှာ အမျိုးသမီးရဲမေမပါဘဲ ပလဖရဲဘော်တွေရဲ့ ရုန်းရင်းဆန်ခတ်ဖမ်းဆီးမှုကြောင့် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

” CDM ဝန်ထမ်းတစ်ဦး၊ ဆရာဝန်တစ်ဦး ဖြစ်သော အမျိုးသမီးတစ်ဦးကို အမျိုးသမီးတပ်ဖွဲ့ဝင်မပါဝင်ဘဲကာယိအိန္ဒြေပျက်အောင် ရုန်းရင်းဆန်ခတ်ဖမ်းဆီးခေါ်ဆောင်ခြင်းသည် အကျည်းတန်သည်ဟု ထင်မြင်မိပါသည်။

ယခုဖြစ်စဉ်အပါအဝင် အခြားသော အခြေအနေအရပ်ရပ်တို့တွင်လည်း တော်လှန်ရေးတွင် ကျရာနေရာကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြသော CDM ကျန်းမာရေးဝန်ထမ်းများကဲ့သို့ အသိပညာရှင်၊ အတတ်ပညာရှင်များကို တော်လှန်ရဲဘော်အချင်းချင်း လေးစားတန်ဖိုးထားမှုများဖြင့် ဆက်ဆံစေလိုပါကြောင်း အထူးပင်တိုက်တွန်းလိုက်ရပါသည်” လို့ လို့CDM Medical Networkရဲ့ ဒီဇင်ဘာလ ၁ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်က၂၀၂၁ ဖေဖော်ဝါရီ၁ရက်မှာအာဏာသိမ်းပြီးနောက် အကြမ်း ဖက်စစ်အုပ်စု၏ လက်အောက်မှာ ဆက်လက်တာဝန် ထမ်းဆောင်လိုခြင်းမရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေဟာ တော်လှန်ရေး၏တပ်ဦးအနေနဲ့ CDM လှုပ်ရှားမှုကို စတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ CDM ဝန်ထမ်း‌တွေကို စစ်တပ်က မတရားခွဲခြားဖိနှိပ်ပေမယ့် အသက်အိုးအိမ်စည်းစိမ်တွေ၊ နေထိုင်ရာဒေသတွေကို အဆုံးရှုံးခံပြီး တော်လှန်ရေးအရွေ့မှာ ကျရာကဏ္ဍက‌နေ ပါဝင်နေကြတယ်လို့ ဆိုပါတယ်။

တော်လှန်ရေး၏ ဝန်ထမ်းယန္တရားမှာကျရာနေရာကနေ ပါဝင်အားဖြည့်ပေးနေတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့လူမှုဘဝဟာ လုံခြုံမှုမရှိဘဲ အကြမ်းဖက်စစ်အုပ်စု၏ ခြိမ်းခြောက်မှုကို နေ့စဉ်ကြုံတွေ့နေရတဲ့အပြင် ဒေါက်တာ ခင်သူသူလွင်ကို ဖမ်းဆီးမှုဖြစ်စဉ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် သွေဖီနေပြီး အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ခြင်းကိုပါ ခံရသည့်အခြေအနေတစ်ခုကို တွေ့မြင်ရတဲ့အတွက် တုန်လှုပ်မိတယ်လို့ ထုတ်ပြန်ပါတယ်။

ဒေါက်တာခင်သူသူလွင်ဟာ ၂၀၂၁ခုနှစ် ဧပြီ ၁၁ရက်ကနေ ၂၀၂၄ စက်တင်ဘာ ၁၇ရက်အထိ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်ကနေရပ်နားပြီးချိန်မှာ လုပ်ငန်းဆိုင်ရာ စာရင်းဇယားများ၊ ရုံးလုပ်ငန်းသုံး ပစ္စည်းတွေနဲ့ ငွေကြေးဆိုင်ရာ ကိစ္စတွေကို မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လက်ရှိတာဝန်ခံထံ လွှဲပြောင်းပေးဖို့ တရားဝင်အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် မရလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။

ဒေါက်တာ ခင်သူသူလွင်ဟာ မင်းကင်းမြို့နယ်ပအဖတာဝန်ခံ အဖြစ်တာဝန်ထမ်းဆောင်စဉ် မင်းကင်းမြို့နယ်ပကဖကနေ ငှားရမ်းပေးထားတဲ့ AK 47 သေနတ်(၁)လက်ကို ပြန်လည်အပ်နှံခြင်းမရှိသလို၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လထိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့အခွန်ငွေ ၃၀ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သိန်း ၃၀၀၀ ကျော် (၃၃၂၇၄၄၈၄၃) ကျပ်ကို ပြန်လည်ပေးအပ်ခြင်းမရှိလို့ ရာဇသတ်ကြီးပုဒ်မ ၄၀၆၊၄၀၉ တို့နဲ့ အမှုဖွင့်ထားခဲ့တယ်လို့ အသိပေးထားပါတယ်။

အဲဒီကိစ္စတွေဖြေရှင်းဖို့ နှစ်နှင့်ချီပြီး ညှိနှိုင်းစောင့်ဆိုင်းခဲ့ပေမယ့် လာရောက် ညှိနှိုင်းဖြေရှင်းခြင်း မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

သူ့ကိုဖမ်းဆီးစဉ်မှာ အမျိုးသမီးရဲမေ မထည့်ပေးနိုင်ခဲ့ခြင်းနဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့တဲ့အပေါ်ပြည်သူလူထု စိတ်မချမ်းမြေ့မှုများဖြစ်စေခြင်းအတွက် အနူးအညွတ်တောင်းပန်ကြောင်းနဲ့ အမှုနှင့်ပါတ်သက်ပြီး ဥပဒေအညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအားကောင်းရာအထက်ပိုင်းဒေသများထံ ရိက္ခာများပို့ဆောင်သည့် စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း လေကြောင်းအကူအညီဖြင့် ဆန်တက်လာပြီး မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာသို့ ရောက်ရှိနေပြီး ရပ်တန့်ထားကြောင်း အဆိုပါနယ်ရှိ ဒေသခံများက ပြောသည်။

သတင်း

မ​တောရွာအား စစ်​ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ​ဒေသခံပြည်သူများသေဆုံးထိခိုက်မှုသည် ၂၀၂၄ခုနှစ်အတွင်း ယခုအချိန်အထိ အဆိုးရွားဆုံးအစုလိုက်အပြုံလိုက်​သေ​စေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။

သတင်း

အဆိုပါရဲတပ်သားအား သွားလိုရာသွားလာနိုင်ရန် လိုအပ်သော ငွေကြေးထောက်ပံ့မှုများ စီစဥ်ပေးခဲ့ကြောင်း A-DPRA အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။