Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်​​ကြောင်း ဖားကန့်မြို့နယ်ဆန္ဒပြ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဖားကန့်မြို့နယ်မှော်လှည့် သပိတ် စစ်ကြောင်းက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲကို ဒီနေ့ မနက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာ-၁၃၊ ၂၀၂၅။ သတိုး/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဖားကန့်မြို့နယ်မှော်လှည့် သပိတ် စစ်ကြောင်းက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲကို ဒီနေ့ မနက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြ ပြည်သူ​တွေက “ ပြည်သူ့ဆန္ဒနဲ့ မသမာတဲ့ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်”၊“Reject the fraudulent election with the will of the people” ၊ “ Say No ,Just Trap Myanmar Sham Election Crap”၊ “ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်”၊ “ပြည်သူ့ဆန္ဒနဲ့ မသမာတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လိုက်ပါ” ဆိုတဲ့စာသားနဲ့အတူ သပိတ်စစ်ကြောင်းကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့တာပါ။

ဒါ့အပြင်သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေက ‌နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့လည်းတောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ဖားကန့်မြို့နယ်မှော်လှည့်သပိတ်

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။