Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးဆေးရုံဗုံးကြဲတဲ့ စစ်တပ်လုပ်ရပ် ကန့်ကွက်ရှုတ်ချမှုတွေအပေါ် ကျေးဇူးတင် ကြောင်း AAထုတ်ပြန်

သေဆုံးထိခိုက်နစ်နာခဲ့ရသူတွေ တရားမျှတမှုရရေး ဆက်ပူးပေါင်းပေးဖို့နဲ့ အရေးပေါ်လိုနေတဲ့ ဆေးရုံးသုံး ပစ္စည်းတွေ၊ဆေးဝါးတွေ ကူညီပေးဖို့ အကူအညီတောင်း

မြောက်ဦးမြို့ဆေးရုံကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Wai Han Aung

ဒီဇင်ဘာ-၁၅၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုလုပ်ရပ်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်တဲ့ ထုတ်ပြန်ချက်တွေနဲ့ ပြောဆိုချက်တွေကို အမြဲတမ်း အမှတ်ရ ကျေးဇူးတင်နေမယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ရက်မှာ စစ်ကောင်စီက မြောက်ဦးဆေးရုံကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့လို့ လူနာတွေ၊ လူနာစောင့်တွေနဲ့ ဆေးရုံဝန်ထမ်းတွေ စုစုပေါင်း ၃၃ဦး သေဆုံးကာ ၇၇ ဦး ဒဏ်ရာရခဲ့ပါတယ်။လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ကာကြီးမားသောစစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေ၊ ထိခိုက်ခံစားခဲ့ရသူတွေနဲ့ နစ်နာခဲ့ရသူတွေအတွက် မဖော်ပြနိုင်လောက်အောင် ဝမ်းနည်းယူကျုံးမရ ဖြစ်မိကြောင်း AAက ဖော်ပြပါတယ်။

“ခိုင်မာသောရပ်တည်ချက်နှင့် ဝမ်းနည်းကြေကွဲမှုကို မိမိတို့နှင့်အတူတကွ ထုတ်ဖော်ပြသပြီး ရပ်တည် ခဲ့ကြသည့် မျှဝေခံစားပေးမှုများသည် ဖိနှိပ်မှုများကို ရင်ဆိုင်နေရသည့် မိမိတို့အတွက် များစွာခွန်အားဖြစ်စေ ပါသည်။ ထို့အတူ ထိခိုက်နစ်နာခံခဲ့ရသူများအတွက်လည်း စိတ်ခွန်အားများရရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်” လို့ AAက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အစုလိုက်၊အပြုံလိုက် သေဆုံးထိခိုက်နစ်နာခဲ့ရသူတွေရဲ့ တရားမျှတမှုရရှိရေးအတွက် ဆက်လက်ပူးပေါင်းကူညီပေးဖို့နဲ့ အရေးပေါ်လိုအပ်နေသော ဆေးရုံသုံးပစ္စည်းတွေ၊ ဆေးဝါးတွေ ဝိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့လည်း AAက အကူအညီတောင်းခံထားပါတယ်။

AA အနေနဲ့ ကျေးဇူးတင်ကြောင်းဖော်ပြရာမှာ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း အမည်တွေကိုလည်း ဖော်ပြထားပါတယ်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အာဆီယံကိုယ်စားပြုအဖွဲ့များ၊ ကုလသမဂ္ဂရဲ့ လက်အောက်ခံ အဖွဲ့အစည်းကြီးတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းကြီးတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နွေဦးတော်လှန်ရေးမှပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ၊ ကျန်းမာရေးအဖွဲ့အစည်းတွေ၊ တစ်သီးပုဂ္ဂလတွေ၊ အာရက္ခဒေသအတွင်းရှိ မူဆလင်အဖွဲ့အစည်းတွေနဲ့ မတရားမှုကို တိုက်ထုတ်ပြီး တရားမျှတမှုကိုလိုလားသော အဖွဲ့အစည်းတွေအားလုံးကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ကြောင်း ပါရှိပါတယ်။

ဒါ့အပြင် တရားမျှတမှုနဲ့ လူသားဆန်မှုအတွက် အရပ်သားတွေ အကာအကွယ်ပေးရေး ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်ကိုမီးမောင်းထိုးပြဖို့အတွက် အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ ဆုံးရှုံးနစ်နာရမှုတွေအပေါ် ဝမ်းနည်း ကြေကွဲမှုကို အလေးအနက် ထုတ်ဖော်ပြသခဲ့ကြတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ ဥရောပသမဂ္ဂ၊ ယူကေနိုင်ငံရဲ့ နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ဖွံ့ဖြိုးရေးရုံး၊ နော်ဝေနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကနေဒါနိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) နဲ့ အခြားသောနိုင်ငံတွေက သံတမန်အဖွဲ့ အစည်းတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားတဲ့ ဆန္ဒပြည့်ဝစေရေးအတွက် အမှန်တရားကိုချစ်မြတ်နိုးပြီး တရားမျှတမှုကို လိုလားသော ကမ္ဘာ့အသိုင်းအဝိုင်းမိသားစုတွေနဲ့အတူ အားလုံး အတူတကွ မဆုတ်မနစ် လက်တွဲ လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်းလည်း AAက ကျေးဇူးတင်လွှာမှာ ထည့်သွင်း သတင်းစကားပါးခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ AAရဲ့ မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(AA) တို့နဲ့ ရှမ်းမြောက်မှာ အပစ်ရပ်စဲရေးလုပ်ဆောင်ပြီးနောက် ရက္ခိုင်ဒေသကို လေကြောင်း စစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကိုးကန့်နဲ့ တအာင်း တပ်တွေနဲ့ အပစ်မရပ်ခင်မှာလည်း အလို လေကြောင်း စစ်ဆင်ရေးတွေလုပ်ဆောင်ခဲ့ပြီး တရုတ်အစိုးရ အကူအညီနဲ့ ဆွေးနွေးညှိနှိုင်းအပစ်ရပ်ခဲ့ကြတာပါ။

“MNDAA နဲ့ TNLA ကို လေကြောင်းတိုက်ခိုက်တဲ့နည်းနဲ့ ဖိအားပေးခဲ့သလို အခုနောက်ပိုင်း KIA နဲ့ AA ထိန်းချုပ်နယ်မြေတွေကို ထပ်ပြီး ဖိအားပေးလာတယ်တဲ့သဘောလို့မြင်တယ်စစ်ရေးနဲ့မဆိုင်တဲ့ ပြည်သူတွေရှိတဲ့ နေရာတွေကို လေယာဉ်နဲ့ဗုံးကြဲနေတာဟာ စကစကို တရုတ်အစိုးရက ရာခိုင်နှုန်းပြည့်ကြောထောက်နောက်ခံလုပ်ပေးနေတာပါ။ တရုတ်အစိုးကလဲ လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုကို သွယ်ဝိုက်ပြီး ကျူးလွန်နေတာပါ။ စကစက တိုက်ရိုက် ကျူးလွန်နေသူပါ”လို့ စစ်ရေးလေ့လာသူ တဦးက စစ်တပ်ရဲ့ ရခိုင်ဒေသ လေကြောင်းပစ်မှတ်ထားတိုက်ခိုက်မှု အရှိန်မြှင့်လာတဲ့ ဖြစ်ရပ်အပေါ် မှတ်ချက်ပြုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။