Connect with us

Hi, what are you looking for?

သတင်း

ရေဦးက အကျဉ်းစခန်းကို စစ်တပ်ဗုံးကြဲလို့ CDM ဝန်ထမ်းနဲ့ အကျဥ်းသားစုစု​ပေါင်း ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်ကတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသမှာရှိတဲ့ အကျဉ်းစခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်ကဒီဇင်ဘာလ၁၈ရက်ညနေပိုင်းမှာလေကြောင်း က‌နေ ဗုံးကြဲလို့ အကျဉ်းသား ၂ဦးနဲ့ CDM ဝန်ထမ်းအပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

ရေဦးမြို့၊တမာတောကျေးရွာကတိုက်နယ်ဆေးရုံကို လေကြောင်းဗုံးကြဲပြီးနောက်တွေ့ရစဉ်။ဓါတ်ပုံ-​ရေဦးPDF

ဒီဇင်ဘာ-၂၀၊၂၀၂၅။‌အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်ကတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသမှာရှိတဲ့ အကျဉ်းစခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်ကဒီဇင်ဘာလ၁၈ရက်ညနေပိုင်းမှာလေကြောင်း က‌နေ ဗုံးကြဲလို့ အကျဉ်းသား ၂ဦးနဲ့ CDM ဝန်ထမ်းအပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

အကျဉ်းစခန်းမှာထိန်းသိမ်းထားတဲ့အကျဉ်းသား၂ ဦး၊ CDM ဝန်ထမ်းအမျိုးသမီး ၁ဦးနဲ့ နောက်ထပ်အမျိုးသား ၁ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလာရောက် ဗုံးကြဲတာဖြစ်ပြီး ရေဦးမြို့နယ်ထဲကို လေကြောင်းကနေနှစ်ရက်ဆက်တိုက်ခိုက်တာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာလ ၁၇ ရက်နေ့ညကလည်း ရေဦးမြို့နယ်ကတမာ တောကျေးရွာဆေးခန်းကို စစ်တပ်က ဗုံးကြဲခဲ့ပါတယ်။ လူနာတွေကိုဘေးလွတ်ရာပို့ထားလို့ ထိခိုက်မှုကြီးမားမားမရှိခဲ့ပေမယ့် အဆောက်အအုံတွေပျက်စီးပြီး ဒေသခံတစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ရေဦးမြို့နယ်နဲ့ဆက်စပ်နေတဲ့ခင်ဦးမြို့နယ်ကိုလည်း စစ်တပ်က ဒီဇင်ဘာလ၁၇ရက်နဲ့၁၈ရက်နေ့မှာ ၂ရက်ဆက်ဗုံးကြဲခဲ့လို့ ဒေသခံပြည်သူ ၁၃ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

ဒါအပြင်ဒီဇင်ဘာလ ၁၉ ရက်နေ့မှာလည်း ကောလင်း၊တန့်ဆည်နဲ့ ခင်ဦးမြို့နယ်တွေကို စစ်တပ်ကလေကြောင်းကနေ ဆက်တိုက် ဗုံးကြဲနေတာ​ကြောင့်ပြည်သူ​တွေ​သေဆုံးထိခိုက်မှု​တွေရှိခဲ့ပါတယ်။

စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ အချုပ်ခန်းတွေ၊ အကျဉ်းစခန်းတွေကို လေကြောင်းက နေဗုံးကြဲလေ့ရှိပြီး ၂၀၂၄ခုနစ်ထဲမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မောင်တောမြို့၊ မန္တလေးတိုင်းစဥ်ကူးမြို့က အကျဉ်းစခန်းတွေကို ဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေများပြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်က ၄ ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ပြည်သူ ၃ဦး သေဆုံးပြီး နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က ထိုးစစ်ဆင်နေတဲ့ KNU တပ်မဟာ ၆ နယ်မြေ မြ၀တီမြို့တောင်ဘက်က မင်းလက်ပံရွာမှာ မနေ့(ဧပြီလ ၁၄)ရက်က စစ်တပ်က ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး အရပ်သားတချို့ ထိခိုက်မှုရှိတယ်လို့ ကြားသိရကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကမ်းပြူကျေးရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဘုန်းကြီးကျောင်း ၃ကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ ပါး ဒဏ်ရာရရှိပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

သတင်း

ကနီမြို့ထဲကနေ ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေကို နွားလှည်းတွေနဲ့ ဆွဲထုတ်သွားပါတယ်။