Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး မဟနဆရာတော်တွေမေတ္တာရပ်ခံဖို့ လက်မှတ်စုဆောင်းတဲ့ကမ်ပိန်း ဂျပန်မှာပြုလုပ်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့(မဟန)ဆရာတော်ကြီးတွေ မေတ္တာရပ်ခံပေးဖို့ တောင်းဆိုစာပို့နိုင်ရေးအတွက် လက်မှတ်စုဆောင်းတဲ့ ကမ်ပိန်း ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့က ဥက္ကဌ ကတူးမာတင်က ပြောပါတယ်။

ဓါတ်ပုံ-ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့

ဒီဇင်ဘာ-၂၁၊၂၀၂၅။သတိုး/People’s Spring

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့(မဟန)ဆရာတော်ကြီးတွေ မေတ္တာရပ်ခံပေးဖို့ တောင်းဆိုစာပို့နိုင်ရေးအတွက် လက်မှတ်စုဆောင်းတဲ့ ကမ်ပိန်း ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့က ဥက္ကဌ ကတူးမာတင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် နိုင်ငံတော်သံဃာ့မဟာနာယကဆရာတော်ကြီးများမှ အမေစုလွတ်မြောက်ရေးအတွက် တောင်းဆိုပွဲပြုလုပ်ခဲ့သော်လည်း ဆရာတော်ကြီးများမှ မျက်ကွယ်ပြုဥပေက္ခာပြုခဲ့ပြီး ဘာမှလုပ်ဆောင်ဆောင်ရွက်ပေးခြင်းမရှိခဲ့တဲ့အတွက် လက်မှတ်စုဆောင်းပြီးတောင်းဆိုစာပေးပို့မှာဖြစ်ပါတယ်။” လို့​ပြောတယ်။

အဲဒီ လက်မှတ်စုဆောင်းတဲ့ကမ်ပိန်းကို ဂျပန်နိုင်ငံ အိုဆာကာမြို့မှာဒီနေ့ (ဒီဇင်ဘာ၂၁)ပြုလုပ်တဲ့ ဖက်ဒရယ်ပွဲ‌တော်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကမ်ပိန်းမှာပါဝင်သူတွေက “သီတဂူဆရာတော်ကြီး မော်စကိုမှာ ငြိမ်းချမ်းရေးစေတီတည်ပြီး မြန်မာပြည်ငြိမ်းချမ်းရေးအတွက် နှုတ်ဆိတ်နေတော့မှာလား” “မြန်မာပြည်ငြိမ်းချမ်းရေးအစ အမေစုလွတ်မြောက်ရေးမှစ” “မြို့ရွာတွေပျက် ပြည်သူတွေသေကြေမှုများနေပြီအမေစုလွတ်မြောက်ရေးဟာ ပြန်လည်တည်ငြိမ်ခြင်းရဲ့လမ်းစ” “အမေစု သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ကျဉ်း များအားလုံးကို ချက်ချင်းလွှတ်ပေးပါ” စတဲ့စာတန်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ဖြင့် ၁၅ နှစ်နေခဲ့ရပြီးယနေ့အသက်၈၀ကျော်တဲ့ထိ ထောင်ထဲမှာဖမ်းဆီးခံထားရဆဲဖြစ်ပါတယ် အဲ့ဒါကို ဆရာတော်ကြီးတွေအနေနဲ့ မေတ္တာတရားမထားပေးတော့ဘူးလားလို့ လျှောက်ထားချင်ပါတယ် “လို့ ကတူးမာတင်က‌ ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook