Connect with us

Hi, what are you looking for?

သတင်း

ညောင်ကျိုးတပ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးဝေယံလင်း သေဆုံး

ရခိုင်နဲ့ ပဲခူးတိုင်းအစပ်က ညောင်ကျိုးတပ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးဝေယံလင်း သေဆုံးခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။

သေဆုံးသွားတဲ့ ဗိုလ်မှူးဝေယံလင်း။ ဓာတ်ပုံ - Jh Soe

ဒီဇင်ဘာ_၂၄၊၂၀၂၅။ဇော်ဝင်း/People’s Spring

ရခိုင်နဲ့ ပဲခူးတိုင်းအစပ်က ညောင်ကျိုးတပ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးဝေယံလင်း သေဆုံးခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။

အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ ညောင်ကျိုးတပ်စခန်း ပြန်ရဖို့ စစ်ကောင်စီတပ်က စစ်​ကြောင်းထိုးလာတဲံ တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ညောင်ကျိုးတပ်စခန်းကို စစ်တပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ခဲ့ပေမယ့် ဒီဇင်ဘာ ၂၂ ရက် တိုက်ပွဲအတွင်းမှာ ဗိုလ်မှူးဝေယံလင်းသေဆုံးခဲ့တဲ့အပြင် စစ်ကြောင်းလည်း ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဝေကြီး​ရေ မ​နေ့က မင်းအိမ်ကို​ရောက်ခဲ့တယ် ။ငါ​တောင်မ​​ဖြေနိင်လို့ မင်းရဲ့အမျိုးသမီးကိုတရားနဲ့​ဖြေပါလို့ ပြောမထွက်ဘူး။မင်းရင်​သွေး​လေးနှစ်​ယောက်အတွက် ကြံ့ခိုင်ပါလို့ပဲ အား​ပေးခဲ့တယ်။မင်းမမြင်လိုက်ရတဲ့ မင်းသမီး​လေးအတွက် ဘုရားသခင်ထံအပ်နှံပြီး လက်တင်ဆု​တောင်း​ပေးခဲ့တယ်”လို့ ဗိုလ်မှူး ဝေယံလင်းနဲ့ နီးစပ်သူက သူရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်မှူးဝေယံလင်းက စစ်တက္ကသိုလ် အပတ်စဥ်(၅၃)ကျောင်းဆင်းဖြစ်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် နဲ့ လွိုင်ကော်အခြေစိုက် ဒေသကွပ်​ကဲရေးစစ်ဌာနချုပ်မှာ G3 အဆင့်နဲ့ တာဝန်ကျဖူးတယ်လို့ သူက ဆိုပါတယ်။

ပန်းတောင်းမြို့နယ်၊တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းပေါ်က ညောင်ကျိုးတပ်စခန်းကို အခုနှစ်မတ်လကတည်းက AAက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ပန်းတောင်းမြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေနဲ့ တကစလို့ ခေါ်တဲ့ တပ်မတော်အကြီးစားစက်ရုံ အပြင် ဒုံးတပ်ရင်းလည်းရှိတာကြောင့် စစ်ကောင်စီက ညောင်ကျိုးတပ်စခန်း ပြန်ရဖို့ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မကွေးတိုင်း ငဖဲမြို့နယ်က ဂုတ်ကြီးစခန်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၀ ရက်မှာ စစ်တပ်က ဂုတ်ကြီးစခန်းသိမ်းရလိုက်ပေမယ့် ဒီဇင်ဘာ ၂၁ ရက်မှာ AA နဲ့ ပူးပေါင်းတပ်တွေ က ပြန်သိမ်းနိုင်ခဲ့တယ်လို့မြေပြင် စစ်ရေးသတင်းရင်းမြစ်အချို့က ​ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။