Connect with us

Hi, what are you looking for?

သတင်း

မ​ကွေးတိုင်းမြို့ ၆ မြို့မှစစ်တပ်စခန်း​တွေကို​ထိုးစစ်ဆင်​​နေပြီး ​ဒေသခံပြည်သူ​တွေ​တိမ်း​ရှောင်​ပေးရန်PDFမင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူ​ပြော

မကွေးတိုင်းက မြို့ ၆ မြို့ဖြစ်တဲ့ ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူမြို့တွေကစစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့စစ်ဆင်ရေးစတင်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်(PDF) မင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ မြို့ နဲ့အနီးဝန်းကျင်ကို Google Earth မှာ​တွေ့ရပုံ

ဒီဇင်ဘာ-၂၅၊၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်းက မြို့ ၆ မြို့ဖြစ်တဲ့ ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူမြို့တွေကစစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့စစ်ဆင်ရေးစတင်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်(PDF) မင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒါကြောင့် အထက်ပါမြို့တွေက ဒေသခံပြည်သူတွေအနေနဲ့ ကြိုတင်စစ်ရှောင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။

“စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာနဲ့ စစ်တပ်အုပ်ချုပ်မှုကို လက်မခံဘူးဆိုတာ ပြမယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ စလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြို့နဲ့ ပွင့်ဖြူမြို့နယ်က စစ်တပ်ရဲ့ အထိုင်စခန်းတွေကို PDF တပ်ပေါင်းစုတွေက ထိုးစစ်ဆင်တိုက်ခိုက်​နေပြီးတိုက်ပွဲတွေ ပြင်းထန်​နေပါတယ်။

မကွေးတိုင်း၊ဆင်ဖြူကျွန်းမြို့ကို အပြီးသတ်သိမ်းပိုက်သွားမယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ မနက်ပိုင်းက သတိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စလင်း မြို့ပေါ်က သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသူငယ်တွေလည်း ကြိုတင်ရွေ့ပြောင်းထားကြဖို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အသိပေးပါတယ်။

အသင့်စားသုံးနိုင်တဲ့ အစားအသောက်၊ရေ၊ဆေးဝါး၊အရေးကြီးစာရွက်စာတမ်း၊ရွှေ၊ငွေ၊ဖုန်းတွေ ကိုပါ အဆင်သင့်သယ်ဆောင်ထားဖို့ တိုက်တွန်းထားပါတယ်။

“ပြည်သူတွေမြို့ကနေရှောင်ပြီးရင်အဆင်ပြေပြီဗျာ အခုကနှစ်ရက်ကြာတာကိုမထွက်ကြသေးလို့။ ဒီမနက်မှ စထွက်နေကြတုန်း။စစ်ရေးရလဒ်ကို အဆင်ပြေတဲ့အချိန်ရောက်မှ အသိပေးမယ်”လို့ ဆင်ဖြူကျွန်းတိုက်ပွဲမှာရှိနေတဲ့ စစ်ရေးတာဝန်ရှိသူက ပြောပါတယ်။

မင်းဘူးခရိုင်စစ်ဌာန၊PDF ၊ပကဖနဲ့ မဟာမိတ်တပ်တွေ စုပေါင်းပြီး တပ်ပေါင်းစုအသွင်း နဲ့ မင်းဘူခရိုင်ထဲက မြို့တွေကစစ်တပ်စခန်း​တွေကို တိုက်ခိုက်နေတာလို့ သူက ဆိုပါတယ်။

ဆင်ဖြူကျွန်းမြို့တိုက်ပွဲမှာစစ်တပ်ကလေကြောင်းကနေ ဗုံးအလုံးရေ ၃၀၀ နီးပါးကြဲချထားပြီး မြေပြင်တပ်တွေကပါ ဟောင်ဝှစ်ဇာတွေ နဲ့ခုခံနေတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းပိတ်မိနေတဲ့ ပြည်သူခုနစ်ဦးထက်မနည်းဟာ လေယာဥ်ဗုံး၊လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရထားပါတယ်။

ဒီကနေ့မနက်ကစလို့ ဆင်ဖြူကျွန်းမြို့ခံပြည်သူတွေဟာ မြို့ကနေ ရွှေ့ပြောင်းနေ​ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ် ၊ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိကရှေ့ထွက်ကာကင်းတွေရှိရာ အမြင့်ကျွန်းဝန်းကျင်က စစ်တပ်စခန်း နောက်တခုကို အာရက္ခတပ်တော်(AA)က ဒီနေ့ ထပ်မံသိမ်းပိုက်လိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနယ်မြေဒေသတွေ ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ စစ်မျက်နှာ ၄ခုမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။

ဆောင်းပါး

အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မကွေးတိုင်း၊ ရေစကြိုမြို့နယ်မြောက်ပိုင်းက သစ်ကြီးတောဆိုတဲ့ ရွာလေးတစ်ရွာဟာ သာမန်နေ့တွေလိုပဲအမွှေးတိုင်လုပ်သူကလုပ်၊ အိမ်အလုပ် လုပ်သူကလုပ်နဲ့ ဖြတ်သန်းနေကြတယ်။ သစ်ကြီးတောရွာဟာ နာလန်ထတာ သိပ်မကြာသေးဘူးရယ်။ တခြားအညာဒေသက ရွာတွေလိုပဲ သစ်ကြီးတောဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှု​တွေကို ခံခဲ့ရတယ်။

သတင်း

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။

Facebook