Connect with us

Hi, what are you looking for?

သတင်း

မကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ် ခန့်အပ်

မကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်အဖြစ် မင်းလှမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာရဲထွန်းဇော်ကို ခန့်အပ်လိုက်ပါတယ်။

ဓာတ်ပုံ - Ye Htun Zaw

ဒီဇင်ဘာ-၂၆၊ ၂၀၂၅။ အိမ်သွင်/People’s Spring

မကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်အဖြစ် မင်းလှမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာရဲထွန်းဇော်ကို ခန့်အပ်လိုက်ပါတယ်။

ဓာတ်ပုံ – Ye Htun Zaw

ဒီနေ့ ဒီဇင်ဘာ ၂၆ရက်မှာ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ဒသမပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပပြီး ကြားကာလ မကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်အဖြစ်အတည်ပြုခန့်အပ်တာဖြစ်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်‌တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အပါအဝင် ယူနစ်လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ကြားကာလရွေးချယ်ရေးကော်မရှင်က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကို ပေးပို့လာတဲ့ မကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်လောင်းအမည်စာရင်းအရ ဒေါက်တာရဲထွန်းဇော်ကို ကန့်ကွက်သူမရှိ ထောက်ခံကြလို့ ဝန်ကြီးချုပ်အဖြစ် အတည်ပြုတာလို့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ပါတယ်။

ဒေါက်တာရဲထွန်းဇော်က “နေရာမဟုတ်ဘဲ တာဝန်လို့သာ ခံယူပါတယ်။ တော်လှန်ရေး အမြန်ဆုံးအောင်မြင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ‌ပေါ်ပေါက်လာရေးအတွက်ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် အစွမ်းကုန်ကြိုးစားပါမယ်။ တစ်ဦးတစ်ယောက်ကောင်းနဲ့ တော်လှန်ရေးမအောင်နိုင်ပါဘူး။ အင်အားစုအားလုံး စည်းလုံးညီညွတ်စွာနဲ့ Team work ကောင်းကောင်းတည်ဆောက်နိုင်မှအောင်မြင်မှုရမှာပါ”လို့ လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်ကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ရက်မှာ ခန့်အပ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၃ရက်က စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် သတ္တမပုံပုံမှန်အစည်းအဝေးမှာတော့ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးဌာန ၁၀ခုရဲ့ ဝန်ကြီးတွေနဲ့ ရှေ့နေချုပ်တို့ကို ခန့်အပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယရဲ့ ဘောလိဝုဒ် ရုပ်ရှင်ကြယ်ပွင့် မင်းသား ဂျိုးဆက် ဗီဂျေးဟာ တမီလ်နာဒူ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ရာထူးကို တရားဝင် စတင် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

သတင်း

မကွေးတိုင်းကမြို့တွေမှာ အပူချိန်မြင့်တက်နေမှုကြောင့် ၂၄နာရီအတွင်း သက်ကြီးပိုင်း ၂ဦး ဦးနှောက်သွေးကြောပြတ် သေဆုံးပြီး သက်ကြီးပိုင်းတစ်ဦးလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။