Connect with us

Hi, what are you looking for?

သတင်း

ဆောင်းခိုငှက်တွေကို ကာကွယ်ဖို့ AA ကြိုးပမ်း

ရခိုင်ပြည်နယ်မှာ ဆောင်းခိုငှက်တွေ ဖမ်းဆီး၊ သတ်ဖြတ်၊ ရောင်းချတာမပြုလုပ်ဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ အာရက္ခတပ်တော်(AA)က သတိပေးထားပါတယ်။

ဆောင်းခိုငှက်တွေကာကွယ်ဖို့ AAက သတိပေးဆိုင်းဘုတ်တွေ စိုက်ထူထားစဉ်။ ဓာတ်ပုံ - Arakan Princess Media

ဒီဇင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်မှာ ဆောင်းခိုငှက်တွေ ဖမ်းဆီး၊ သတ်ဖြတ်၊ ရောင်းချတာမပြုလုပ်ဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ အာရက္ခတပ်တော်(AA)က သတိပေးထားပါတယ်။

ဆောင်းခိုငှက်တွေထိန်းသိမ်းဖို့နဲ့ ပတ်သက်တဲ့ သတိပေးချက်ကို အများပြည်သူဆိုင်ရာတေရာတွေမှာ ဆိုင်းဘုတ်တွေထောင်ပြီး အသိပေးကြေညာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေလိုက်နာရမယ့် အချက် ၇ချက်ကို ထုတ်ပြန်ထားပြီး ဆောင်းခိုငှက်တွေကို ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်း လုံးဝမပြုဖို့နဲ့ အသေဖြစ်စေ၊အရှင်ဖြစ်စေ မရောင်းချဖို့၊ချက်ပြုတ်စားသောက်ခြင်းနဲ့ စားသောက်ဆိုင်တွေမှာ ရောင်းချခြင်းများ မပြုဖို့၊ ဆောင်းခိုငှက်ဥတွေကို ရောင်းချခြင်း၊ စားသောက်ခြင်း၊ ဖျက်ဆီးခြင်း မလုပ်ဖို့၊ သဘာဝနေရာတွေဖြစ်တဲ့ ရေကန်တွေ၊ မြစ်ချောင်း၊တောတန်းတွေလို့ညသဘာဝနေရာတွေနဲ့ ဆောင်းခိုငှက်အသိုက်တွေကို မဖျက်စီးဖို့၊ အနောက်အယှက်မပေးဖို့၊ ငှက်ဖမ်းတဲ့ ထောင် ချောက်၊ ပိုက်ကွန်၊ လျှပ်စစ်ကိရိယာတွေကို သုံးမပြုဖို့ သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

သတိပေးချက်တွေကို မလိုက်နာဘဲ ဖောက်ဖျက်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနဲ့အညီ အရေးယူမယ်လို့ထုတ်ပြန်ထားပါတယ်။

AAရဲ့ ထုတ်ပြန်ချက်အပေါ် ဒေသခံတွေနဲ့ အရပ်ဖက်အရေးဆောင်ရွက်သူ တွေက ကြိုဆိုကြပါတယ်။

” ဆောင်းခိုငှက်တွေကို ထိန်းသိမ်းရမယ်။ သစ်ပင်တွေကို ထိန်းသိမ်းရမယ်။သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ်။ ရေအရင်းအမြစ်ကို ထိန်းသိမ်းရမယ်။ အာရက္ခတပ်တော်က ဒီလိုဆောင်ရွက်တာ ကောင်းတယ်” လို့ ရခိုင်အရပ်ဖက်အရေးဆောင်ရွက်တဲ့ စာရေးဆရာ ဝေဟင်အောင်ကပြောပါတယ်။

AAဟာ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့တွေကလွဲပြီး ကျန်မြို့တွေကို သိမ်းယူထားကာ အုပ်ချုပ်ရေး ယန္တရားလလည်ပတ်နေပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာက GPS တပ်ထားတဲ့ ငှက်တစ်ကောင်ကို ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာ ဒေသခံတွေကဖမ်းမိခဲ့လို့ AAတာဝန်ရှိသူတွေထံ အပ်နှံခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အာရှ-ဩစတြေးလျ ပျံသန်းရေးလမ်းကြောင်း (East Asian-Australasian Flyway) ပေါ်မှာ တည်ရှိတာကြောင့် နှစ်စဉ် ကမ္ဘာ့မြောက်ခြမ်း (ဆိုက်ဘေးရီးယားနဲ့ တရုတ်ပြည်မြောက်ပိုင်း) ကနေ ဆောင်းခိုငှက်မျိုးစိတ်ပေါင်းများစွာ လာရောက်နားခိုကြပါတယ်။

ဆောင်းခိုငှက်တွေဟာ ဆောင်းရာသီရောက်တိုင်း နိုင်ငံဖြတ်ကျော် သွားလာကြပါတယ်။

လယ်ယာစိုက်ပျိုးရေးကို ဖျက်ဆီးတဲ့ ပိုးမွှားတွေ၊ ခြင်နဲ့ ယင်ကောင်တွေကို စားသုံးကြသလို ဝတ်မှုံကူးခြင်း၊ မစင်စွန့်ခြင်းနဲ့လည်းမျိုးစေ့တွေ ကြဲပေးတာမို့ သဘာဝဂေဟစနစ် မျှတဖို့အတွက် အရေးပါပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အထက်ပိုင်း ဝေးလံခေါင်သီတဲ့တောင်ပေါ်၊ ချောင်းဖျားဒေသကျေးရွာအချို့မှာ လူဦးရေ အများအပြား ငှက်ဖျားဖြစ်နေပြီး ဆေးဝါးကုသဖို့လည်း လက်လှမ်းမမီ၊ အလှမ်းဝေးနေတယ်လို့ ဆိုပါတယ်။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။