Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့ပေါ် စစ်ကောင်စီရွေးကောက်ပွဲရုံး ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံအတွင်းရှိ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရုံး မနေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့ပေါ် အထင်ကရနေရာတစ်ခုမှာ ပြည်သူတွေ မဲမထည့်ဖို့ PDF တွေ နှိုးဆော်နေစဥ်။ ဓာတ်ပုံ - ရွှေဘိုပကဖ

မဲလာထည့်သူနည်းပါးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြောက်စိတ်နဲ့ မဲပေးခဲ့ရတယ်လို့ မြို့ခံတစ်ဦးပြော

ဒီဇင်ဘာ-၂၉၊ ၂၀၂၅။ အလင်္ကာ/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံအတွင်းရှိ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရုံး မနေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

စစ်တပ်ရွေးကောက်ပွဲစတင်ကျင်းပတဲ့ ဒီဇင်ဘာ ၂၈ရက် မနေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲခံရတာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် PDO တိုက်ခိုက်ရေးအဖွဲ့နဲ့ တိုက်နယ် ၅ Fixed Wings Drone အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ပကဖအသံက ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

စစ်တပ်ရွေးကောက်ပွဲ အပိုင်း-၁ မှာပါဝင်တဲ့ ရွှေဘိုမြို့မှာ ရပ်ကွက်အားလုံးရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဘဲ ရပ်ကွက် နှစ်ရပ်ကွက်နဲ့ ကျေးရွာ သုံးရွာကိုသာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုမြို့ပေါ် ရပ်ကွက်နှစ်ခုမှာ ကျင်းပနိုင်ခဲ့တာမှာလည်း ပြည်သူတွေက ကြောက်စိတ်နဲ့ သွားရောက်မဲထည့်ခဲ့ကြတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“နှစ်ရပ်ကွက်တည်း မဲပွဲလုပ်တာကို တိုက်ပွဲဖြစ်မဲ့ပုံစံမျိုး တမြို့လုံးတပ်ဖြန့်ထားတယ်။ မဲပေးဖို့ ရပ်ကွက်ထဲ ခေါက်တုန့်ခေါက်ပြန် လိုက်အော်တဲ့အဖွဲ့ကအော်၊ ဟောင်ဝှစ်ဇာလက်နက်ကြီးကားပေါ်တင်ကင်းပတ်တဲ့အဖွဲ့က ပတ်၊ တမြို့လုံးသူတို့ပဲ ရှိတာ အသွားအလာလည်းမရှိ၊ နယ်ကလည်း မလာကြလို့ မြို့အတွင်းလမ်းတွေမှာ လူသူရှင်းနေတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ရွေးကောက်ပွဲကို မဲပေးခဲ့သူ တစ်ဦးကလည်း “သူတို့က ရပ်ကွက်ထဲ ခေါက်တုန့်ခေါက်ပြန် မဲလာပေးဖို့ အော်နေတာ။ ရပ်ကွက်လူအင်အားထက် မဲပေးခိုင်းတဲ့အင်အား ပိုများနေတယ်။ မဲမပေးရင်လည်း ရွေးကောက်ပွဲဥပဒေနဲ့ တခုခုလုပ်မှာ စိုးရိမ်ရ၊ သွားပေးတော့လည်း ရင်ထဲက ခံစားချက်မပါဘူး။ ဘယ်ပါတီကို ပေးရမယ်မှန်းမသိ၊ ပေါ့ပျက်ပျက်ပါပဲ”လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲ ကျင်းပဖို့ ၂ ရက်အလို ဒီဇင်ဘာ ၂၆ ရက်ကစပြီး မြို့ထောင့်စေတီဘုရား၊ ဘူတာ၊ အထက(၁)ကျောင်း၊ အထက(၂)ကျောင်းနဲ့ ကားကြီးဝင်းတို့မှာ ယာယီတပ်စွဲထားပြီး မြို့အတွင်းမှာ လှည့်ကင်းတွေနဲ့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က ရွှေဘိုမြို့အထင်ကရနေရာတွေမှာ PDFတွေက စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း စာသားဗီနိုင်းတွေ ချိတ်ဆွဲခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။