Connect with us

Hi, what are you looking for?

သတင်း

ကပစ(၁၅)ကနေ လက်နက်ကြီးနဲ့ပစ်လို့တအိမ်တည်းမှမိသားစုဝင် ၄ ဦး​သေဆုံး

အောင်လံမြို့အခြေစိုက် အမှတ်(၁၅) ကာကွယ်​ရေးပစ္စည်းစက်ရုံ (ကပစ-၁၅)မှ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ မိသားစုဝင် ၄ဦး သေဆုံးခဲ့ပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်လက်နက်ကြီးစမ်းသပ်ပစ်ခတ်စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ

ဒီဇင်ဘာ-၃၀​၊၂၀၂၅။အိမ်သွင်/People’s Spring

အောင်လံမြို့အခြေစိုက် အမှတ်(၁၅) ကာကွယ်​ရေးပစ္စည်းစက်ရုံ (ကပစ-၁၅)မှ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ မိသားစုဝင် ၄ဦး သေဆုံးခဲ့ပါတယ်။

အောင်လံမြို့နယ်၊ဆက်ဆူဝရွာကိုဒီဇင်ဘာလ ၂၉ရက် ညမှာ ကပစ(၁၅)ကနေ လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ အိမ်တည့်တည့်ထိတာ။သေဆုံးသူလေးဦးက မိသားစုဝင်တွေဖြစ်တယ်။ ရွာခံတွေလည်း မနေရဲလို့ ပြေးနေကြရတယ်” လို့ ဒေသခံသတင်းရင်းမြစ်ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမှတ်(၁၅)ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ(၁၅)ဟာ မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွာမထုံးရွာအနီးမှာ ရှိတာပါ။

ဒီဇင်ဘာလ ၂၈ ရက်နေ့က အောင်လံမြို့နယ်မှာ စစ်တပ် ရွေးကောက်ပွဲလုပ်နေစဉ်ဆက်ဆူဝရွာကစစ်တပ်ဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း စစ်တပ်က ဆက်ဆူဝကျေးရွာနဲ့အနီးဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ကပစ(၁၅)ကနေပါ လက်နက်ကြီးပစ်ခတ်နေတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း အောင်လံမြို့နယ် တံခွန်တိုင်ကျေးရွာနဲ့ လှေဒုန်းကျေးရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား ၈ ယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီထဲက သက်ကြီးရွယ်အို ၆ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် လူငယ်တစ်ဦးကိုစစ်တပ်ကသတ်ဖြတ်ပြီးတစ်ဦးကို ဆက်လက်ဖမ်းဆီးထားပါတယ်။

မကွေးတိုင်းထဲက စလင်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ် အပါအဝင် မြို့နယ် ၆ခုက စစ်တပ်ခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မကွေးတိုင်းစစ်ဌာနရဲ့ ဦးစီးကွပ်ကဲမှုနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ လက်ရှိ စစ်ဆင်‌ရေးအတွင်း လေယာဉ်ဗုံး တွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က ကပစ (၂၁)၊ ကပစ (၂၂) နဲ့ လက်နက်ကြီး ကျည်ဆံ တွေထုတ်လုပ်တဲ့ ပေါက်မြို့နယ်က ကပစ (၂၄) တို့ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်အားလိုင်းတွေကိုလည်း မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။

မကွေးတိုင်းထဲကယောဒေသဂန့်ဂေါခရိုင်မှာလည်း Yawland Opreationစစ်ဆင်ရေးအဖြစ် စစ်တပ်တပ်စွဲထားတဲ့ပျူစောထီးကျေးရွာတွေနဲ့ စစ်စခန်း တွေကိုဒီဇင်ဘာလ ၂၇ ရက် မနက် ၅ နာရီကစပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်(၂၂) ကာကွယ် ရေးပစ္စည်းစက်ရုံ(ကပစ- ၂၂) ဆီ သွယ်တန်းထားတဲ့ ဓာတ်အားလိုင်းကို ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့နဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး မြို့ပေါ်တွင်လည်း ပျူစောထီးများနှင့်အတူ ကင်းလှည့်နေ၍ ပြည်သူများအနေဖြင့် သတိပြုကြရန် တော်လှန်ရေးရဲဘော်များက သတိပေးသည်။

သတင်း

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သုံးခုကာကွယ်ရေးအတွက် စစ်ကောင်စီက အင်အားတိုးမြှင့်နေပြီး လေကြောင်းအန္တရာယ် ခြိမ်းခြောက်မှုများရှိနေ၍ ဒေသခံပြည်သူများ စစ်ရေးသတိပြုကြရန် အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးသည်။

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ သမ္ဘူလတိုက်နယ်ရဲစခန်းမှ ဒုတပ်ကြပ်မျိုးကြီးသည် ပြည်သူများအား ဖမ်းဆီး၊ ရိုက်နှက်၊ ခြိမ်းခြောက်၊ ငွေညှစ်မှုများပြုလုပ်နေသဖြင့် စခန်းအနီး၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သရက်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။