Connect with us

Hi, what are you looking for?

သတင်း

သမ္ဘူလတိုက်နယ်ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး စခန်းအနီးကွမ်းထွက်ဝယ်စဥ် ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ သမ္ဘူလတိုက်နယ်ရဲစခန်းမှ ဒုတပ်ကြပ်မျိုးကြီးသည် ပြည်သူများအား ဖမ်းဆီး၊ ရိုက်နှက်၊ ခြိမ်းခြောက်၊ ငွေညှစ်မှုများပြုလုပ်နေသဖြင့် စခန်းအနီး၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သရက်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ သမ္ဘူလတိုက်နယ်ရဲစခန်းမှ ဒုတပ်ကြပ်မျိုးကြီးသည် ပြည်သူများအား ဖမ်းဆီး၊ ရိုက်နှက်၊ ခြိမ်းခြောက်၊ ငွေညှစ်မှုများပြုလုပ်နေသဖြင့် စခန်းအနီး၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သရက်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉နာရီခန့်က ရဲဒုတပ်ကြပ်မျိုးကြီးအား ပိုမိုဆိုးရွားလာသည့် ၎င်း၏လုပ်ရပ်များကြောင့် ပြည်သူအများ၏ ကောင်းကျိုးချမ်းသာအား ရှေ့ရှူကာ စခန်းနှင့်ကိုက် ၄၀၀ ခန့်အကွာ၌ သွားရောက်ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဟု အမှတ်(၁)တပ်ရင်းက အသိပေးသည်။

“ကွမ်းထုပ်သွားတာ။ စခန်းနဲ့ ကွမ်းထုပ်တဲ့နေ ရာက ကိုက် ၄၀၀လောက်ပဲဝေးတယ်။ အနီး ကပ်ပစ်တာ။ နှာဖူးတည့်တည့် မှန်တယ်။ ကျည် ခြောက်တောင့်ကုန်တယ်”ဟု သရက်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြောခွင့်ရသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သမ္ဘူလရဲစခန်းမှ ရဲဒုတပ်ကြပ်မျိုးကြီးသည် သတိကြီးသူဖြစ်ပြီး စခန်းနှင့် မိုင်ဝက် အကွာအဝေးအတွင်း၌သာ သွားလာလှုပ်ရှားတတ်သူဖြစ်ရာ ယခုလို ပစ်ခတ်ရှင်းလင်းမှုလုပ်ဆောင်နိုင်ရန် စနစ်တကျ အချိန်ယူလုပ် ဆောင်ခဲ့ရကြောင်း ၎င်းပြောခွင့်ရသူက ဆက်ပြောသည်။

ပစ်ခတ်ရှင်းလင်းမှုအား အောင်လံမြို့အခြေစိုက် သရက်ခရိုင် အမှတ် (၁)တပ်ရင်း၊ နေပြည်တော် တပ်ရင်း (၉၀၂)၊ နေပြည်တော်တပ်ရင်း (၈၀၄)နှင့် အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

“စခ၊ ရခတွေအနေနဲ့ စခန်းအပြင် မထွက်ဘူး၊ ပြည်သူကို ဒုက္ခမပေးဘူးဆိုရင် ခုလိုအဖြစ်ဆိုးနဲ့ ကြုံရဖို့ အခွင့်အလမ်းနည်းမယ်”ဟု သရက်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြောခွင့်ရသူက မှတ်ချက်ပေးသည်။

အထက်ပါ ဒုတပ်ကြပ်မျိုးကြီးအား ပစ်ခတ်ရှင်းလင်းပြီးနောက် သမ္ဘူလရဲစခန်းရှိ စစ်ကောင်စီတပ်သားနှင့် ရဲ အင်အား ၇၀ ခန့် စခန်းအပြင်ဘက်ထွက်စုဝေး၍ လှုပ်ရှားဆောင်ရွက်မှုအချို့ရှိခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သရက်ခရိုင် အမှတ်(၁) တပ်ရင်းက ဆိုသည်။

ဖေဖော်ဝါရီ ၁၅ ရက်ကလည်း အောင်လံမြို့၊ မကျည်းကုန်းရပ်ကွက်၊ သဇင်လမ်းသွယ်ရှိနေအိမ်တစ်အိမ်ကို စစ်ကောင်စီ ရဲတပ်ကြပ်ကြီးကျော်သူရနှင့် ပျူစောထီး ငထွန်းဆိုသူတို့က အသက် ၃၃ နှစ်အရွယ်အမျိုးသားတစ်ဦးကို ဝင်ရောက်ဖမ်းဆီးရာ မိသားစုက ဓားနှင့်ထွက်ခုတ်ပြီး တုန့်ပြန်ခဲ့ခြင်းကြောင်း ရဲတပ်ကြပ်နှင့် ပျူစောထီးတစ်ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်အင်အားသုံး ဖြိုခွင်းကြဖို့ လက်တင်အမေရိက နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ သူက မူးယစ်ရာဇာတွေကို လုပ်ကြံမယ့် စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒုံးကျည်တွေနဲ့ ကူညီ ပစ်ခတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

နိုင်ငံတကာ

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ်တစ်စီးပေါ်က လူ ၄ ဦးကို သေဆုံးခဲ့ကြောင်း ကျူးဘား ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လမ်းမှားဝင်လာမိတဲ့ ဆီသယ်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ယာဥ်မောင်းသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။