Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံတစ်သောင်းကျော်ထွက်ပြေးနေရ

မကွေးတိုင်း ၊ပေါက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ပျုစောထီးလို့ခေါ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေရှိရာ ကျေးရွာတွေ ဆီ ရိက္ခာပို့ နိုင်ဖို့အတွက် စစ်ကြောင်းထိုးတာကြောင့် ဒေသခံပြည်သူတစ်သောင်းကျော် စစ်ရှောင်နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာန ဆီကသိရပါတယ်။

ဇန်နဝါရီ – ၁၇ ၊၂၀၂၆ /People’s Spring

မကွေးတိုင်း ၊ပေါက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ပျုစောထီးလို့ခေါ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေရှိရာ ကျေးရွာတွေ ဆီ ရိက္ခာပို့ နိုင်ဖို့အတွက် စစ်ကြောင်းထိုးတာကြောင့် ဒေသခံပြည်သူတစ်သောင်းကျော် စစ်ရှောင်နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာန ဆီကသိရပါတယ်။

ပေါက်မြို့နယ်အတွင်းရှိ ပျုစောထီးရွာတွေ ဆီ ရိက္ခာပို့နိုင်ဖို့အတွက် ဇန်နဝါရီလ ၁၃ ရက်ကစတင်ပြီး စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့် ကိုသုံးပြီးစစ်ကြောင်းထိုးတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းဦးတည်ရာ မှာရှိတဲ့ ကျေးရွာ ၂၆ ရွာက ပြည်သူ ၁၃,၀၀၀နီးပါး ဟာ ဘေးလွတ်ရာ တောတောင်တွေအပြင် နီးစပ်တဲ့ရွာတွေဆီကို ထွက်ပြေးနေရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ ပေါက်မြို့နယ်ထဲက အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေထွက်လာတာလို့ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာန ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါအပြင် က.ပ.စ ( ၂၄) ကနေ လက်နက်ကြီးနဲ့ ကျေးရွာတွေ ဆီ ပစ်ခတ်တာလည်းရှိနေတယ်လို့ သိရပါတယ်။ စစ်ရှောင်ရသူဦးရေများလွန်တဲ့အတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက်တွေ ရှိနေပြီလို့ စစ်ရှောင်အရေးကူညီသူတွေကလည်းအသိပေးပါတယ်။

အခုစစ်ရှောင်တွေမတိုင်ခင်ကလည်းပေါက်မြို့နယ်ထဲမှာ ကာလရှည်ကြာ နေရပ်စွန့်ခွာနေထိုင်နေရတဲ့ ကျေးရွာ ၁၁ ရွာ စစ်ရှောင်ပြည်သူ ၅,၀၀၀နီးပါးရှိပြီးသားပါ။

အဲဒီ စစ်ရှောင်တွေမှာလည်း ကလေးငယ်တွေပါဝင်ပြီး သန့်ရှင်းတဲ့သောက်သုံးရေမရတာကြောင့် ယားနာတွေ ဖြစ်ပွားနေပြီး အကူအညီလိုအပ်နေကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook