Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်ဒေသ စစ်တပ်ထိုးစစ်ကြောင့် ယာယီလက်လွှတ်ရတဲ့ ကာကင်းစခန်းအချို့ KIAပြန်သိမ်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ လမြန်ဒေသ တိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီတပ် သိမ်းပိုက်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ ကာကင်းစခန်းနေရာအချို့ကို KIAက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KIA၊KPDF ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-Sirinda

ဇန်နဝါရီ-၂၂၊ ၂၀၂၆။ ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ လမြန်ဒေသ တိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီတပ် သိမ်းပိုက်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ ကာကင်းစခန်းနေရာအချို့ကို KIAက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဇန်နဝါရီ တတိယပတ်မှာ စစ်ကောင်စီက လမြန်ဒေသကို ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဇန်နဝါရီ ၁၉ရက်မှာ KIA က ဆုတ်ခွာပေးခဲ့ရတဲ့ လမြန်ရွာအနီး ကာကင်းစခန်း ၂ခုကို ဇန်နဝါရီ ၂၀ရက်မှာ KIA ပူးပေါင်းတပ်က ပြန်သိမ်းနိုင်ခဲ့တဲ့ အခြေအနေအပေါ် ကချင်သတင်းရင်းမြစ်က အတည်ပြုပေးပါတယ်။

လတ်တလော စစ်ရေးအခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကိုလည်း ဝိုင်းမော်ဒေသ အပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေတွေကို မေးမြန်းထားဆဲပါ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလလယ်ကလည်း KIA တပ်မဟာ(၂) တပ်ရင်း(၁၄) နယ်မြေ တနိုင်းမြို့နယ် မော်ဒေသမှာလည်း KIA ရဲ့ ရှေ့တန်း ကာကင်းစခန်းနဲ့ ဂိတ်တခုကို စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်တွေက မှော်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာလို့ စစ်ရေး တင်းမာနေပြီး အချိန်မရွေး တိုက်ပွဲတွေဖြစ်ပွားနိုင်ကြောင်း KIA ဘက်က အသိပေးထားပါတယ်။

KIAဟာ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ တစ်နှစ်လုံးမှာ ကချင်ပြည်နယ်က စစ်ကောင်စီ တပ်စခန်း အများအပြားကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၅မှာတော့ ၀ိုင်းမော်၊ ဗန်းမော်၊ ပူတာအို၊ တနိုင်း၊ ဖားကန့် အပါအဝင် ကချင်ပြည်နယ်နဲ့ ဆက်စပ်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းပြီး ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ထိုးစစ်ဆင်တာရှိသလို KIA အနေနဲ့လည်း ကျန်နေတဲ့ မြို့တွေ၊ စစ်ကောင်စီတပ်စခန်းတွေ သိမ်းနိုင်င်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

တစ်နှစ်ကျော်ကြာ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ဗန်းမော်မြို့မှာဆို စစ်ကောင်စီက ၂၀၂၅ ဩဂုတ် လဆန်းက စပြီး ထိန်းချုပ်နယ်မြေတွေ ပြန်ရဖို့ ထိုးစစ်ဆင်နေသလို KIAကလည်း လက်ကျန်စခန်းတွေ အပြီးသတ် သိမ်းနိုင်ဖို့ ထိုးစစ်ဆင်တာ စတဲ့ အပြန်အလှန်တန်ပြန်ထိုးစစ်တွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Facebook