Connect with us

Hi, what are you looking for?

သတင်း

မိုးညှင်းမြို့နယ်က ဆေးရုံ ၂ခုကို စစ်ကောင်စီ ဗုံးကြဲ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက ဆေးရုံ ၂ခုကို စစ်ကောင်စီက ဇန်နဝါရီ ၂၅ရက် ည ၇နာရီခန့်နဲ့ ဒီနေ့(ဇန်နဝါရီ ၂၆ရက်) မနက်အစောပိုင်း နံနက် ၁နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - APM

ဇန်နဝါရီ-၂၆၊၂၀၂၆။အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက ဆေးရုံ ၂ခုကို စစ်ကောင်စီက ဇန်နဝါရီ ၂၅ရက် ည ၇နာရီခန့်နဲ့ ဒီနေ့(ဇန်နဝါရီ ၂၆ရက်) မနက်အစောပိုင်း နံနက် ၁နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။

တံတားဦးလေတပ်က တက်လာတဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲလေယာဉ် ၂စီးဟာ ချောင်းဝဆေးရုံနဲ့ တုံပင်ဆေးရုံကို ဗုံးကြဲသွားတာလို့ ကချင်သတင်းရင်းမြစ်ကပြောပါတယ်။

ဂျက်ဖိုက်တာ ၂စီးဟာ ဖားကန့်မြို့ဘက်အထိ ပျံသန်းလာပြီးမှ မိုးညှင်းမြိုနယ်၊ အင်းတော်ကြီးဒေသပတ်ဝန်းကျင်ကို ဗုံးကြဲသွားတာလို့ သတင်းရရှိပါတယ်။

Public Service Announcement

Public Service Announcement

” တံတားဦးတက်တဲ့ကောင်တွေက အရမ်းညဏ်များတာ”လို့ စစ်ကောင်စီလေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေတဲ့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုရှိခဲ့ပေမယ့် လူထိခိုက်မှုရှိ၊ မရှိ မသိရသေးပါဘူး။

အင်းတော်ကြီးဒေသက မိုင်းနောင်ရွာနဲ့မမုံကိုင်ကျေးရွာမှာရှ်ိတဲ့ စစ်တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က ပြီးခဲ့တဲ့၂၀၂၅ သြဂုတ်ကစပြီး ထိန်းချုပ်ထားပါတယ်။ ယခုရက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းပစ်ကူယူပြီး မြေပြင်က ထိုးစစ်ဆင်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA၊KPDF ပူးပေါင်းတပ်တွေဟာ အင်းတော်ကြီးကန်အရှေ့ဘက်ပိုင်းဒေသတချို့မှာ ဆက်တိုက်ပွဲဖြစ်ပွားနေပါတယ်။

မိုးညှင်းခရိုင်မှာပါပြီး အင်းတော်ကြီးဒေသနဲ့ဆက်စပ်နေတဲ့ ဖားကန့်မြို့နယ်မှာလည်း ဇန်နဝါရီ၂၅ရက်မှာ စစ်ကောင်စီ ပစ်မှတ်တွေကို KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်မှုတွေမှာ အရပ်သားထိခိုက်မှုတွေရှိခဲ့ပါတယ်။ ရွေးကောက်ပွဲလုပ်နေတဲ့ စစ်ကောင်စီပစ်မှတ်တွေကို တိုက်ခိုက်မှာဖြစ်လို့ ဒေသခံပြည်သူတွေ သတိပြုနေထိုင်ကြဖို့ KPDFက ဇန်နဝါရီ ၂၄ရက်ကစတင်ပြီး သတိပေးပြီးတဲ့နောက် တိုက်ခိုက်မှုတွေဖြစ်လာတာပါ။

လက်ရှိမှာ ကချင်ပြည်နယ်အတွင်း ဖားကန့်၊ဗန်းမော်နဲ့ အင်းတော်ကြီးဒေသတွေမှာ တိုက်ပွဲတွေနဲ့အတူစစ်ရေးတင်းမှာနေလို့ လေကြောင်းအန္တရာယ် ပိုမိုသတိပြုကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။