Connect with us

Hi, what are you looking for?

သတင်း

အသက်ခန္ဓာပေးဆပ်ခဲ့တဲ့သူတွေ၊ရဲဘော်ဟောင်းတွေနဲ့ တိုက်ပွဲဝင်နေဆဲ ရဲဘော်တွေကို ဦးညွှတ်ကြောင်း ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂) ထုတ်ပြန်

ကရင်ပြည်နယ်၊ကော့ကရိတ်ဒေသမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ-(၂)က နိုင်ငံအတွက် အသက်၊ဘ၀နှင့်ခန္ဓာတို့အား‌‌ပေးဆပ်တိုက်ပွဲ၀င်ခဲ့ကြတဲ့ အာဇာနည်သူရဲ‌ကောင်းတွေ၊ ‌ရဲ‌‌ဘော်‌ဟောင်းတွေနဲ့ အခုထိတိုင်ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ရဲ‌ဘော်တွေကို ဦးညွှတ်အလေးပြု‌ လေးစားတန်ဖိုးထား ဂုဏ်ပြုကြောင်း ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ-(၂) က ဒီကနေ့ ဇန်နဝါရီ ၂၆ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ-၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်ပြည်နယ်၊ကော့ကရိတ်ဒေသမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ-(၂)က နိုင်ငံအတွက် အသက်၊ဘ၀နှင့်ခန္ဓာတို့အား‌‌ပေးဆပ်တိုက်ပွဲ၀င်ခဲ့ကြတဲ့ အာဇာနည်သူရဲ‌ကောင်းတွေ၊ ‌ရဲ‌‌ဘော်‌ဟောင်းတွေနဲ့ အခုထိတိုင်ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ရဲ‌ဘော်တွေကို ဦးညွှတ်အလေးပြု‌ လေးစားတန်ဖိုးထား ဂုဏ်ပြုကြောင်း ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ-(၂) က ဒီကနေ့ ဇန်နဝါရီ ၂၆ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

“ ကျားသစ်နက် စစ်ကြောင်း တည်ထောင်တာ ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တင်တာပါ။ ညီမတို့ တင်ထားတဲ့ စာထဲက စကားလုံးတွေက ရဲဘော် တဦး တယောက်ချင်းစီ ကနေ ပြည်သူတွေဆီ အမှန်တကယ် ကတိသစ္စာ ပြုချင်တဲ့ အရာတွေပါပဲရှင်” လို့ ကျားသစ်နက် စစ်ကြောင်း တပ်ခွဲ(၂) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တွေကိုဂုဏ်ပြုခဲ့သလို ပူးပေါင်းပါ၀င်ခဲ့တဲ့ တိုက်ပွဲတွေကိုလည်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂) ရဲဘော်တွေ ပူးပေါင်း ပါဝင်ခဲ့တဲ့ တိုက်ပွဲတွေက မြ၀တီ၊အမှတ်(၄)ရပ်ကွက်အနီး၊စခန်းသိမ်းတိုက်ပွဲ၊ သုံးထပ်ကွေ့တိုက်ပွဲ၊ သေဘော့ဘိုးတိုက်ပွဲ၊ ကြို့ပင်ကုန်းစခန်းသိမ်းတိုက်ပွဲ၊ ကုန်သွယ်ရေးဇုန်စစ်ဆင်ရေး၊ သိန်းတန်ကုန်းစခန်းသိမ်းတိုက်ပွဲ၊ မဲကနယ်တိုက်ပွဲ၊ အဇဉ်းတိုက်ပွဲ၊ လက်ခတ်တာင်စခန်းသိမ်းတိုက်ပွဲ၊ ကော့ကရိတ်မှ ရန်သူ့ စစ်ကူစစ်ကြာင်းအား ပိတ်ဆို့တိုက်ခိုက်ခြင်း၊ 118စခန်းသိမ်းတိုက်ပွဲ၊ သင်္ကန်းညီနာင်မြို့သိမ်းစစ်ဆင်ရေး၊ မြ၀တီမြို့‌‌စောင့်တပ်(ခလရ-၂၇၅)စခန်းသိမ်းတိုက်ပွဲ၊ မြ၀တီ၊အမှတ်(၂)တံတား တိုက်ပွဲ နဲ့ အောင်ဇေယစစ်ဆင်ရေး(တစ်လျောက်လုံး)ပါ၀င်ခဲ့ပြီး လေးကေ့ကော်၊ ဖလူး၊ မင်းလက်ပံဒေသ စစ်ဆင်ရေးတွေမှာ ပါဝင်လျက်ရှိကြောင်း အသိပေးထားပါတယ်။

အထူးတိုင်းစစ်ဌာန ၊ဗျူဟာ(၃၂) ၊ဗိုလ်မှူးကြီး သူရဒါဘောရဲ့ စစ်ရေးဦးဆောင်မှုအောက်မှာ မဟာမိတ်တော်လှန်ရေးတပ်ပါင်းစုတွေနဲ့အတူ လက်တွဲပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးနဲ့ အာဏာရှင်စနစ်အမြတ်ပြတ်တဲ့အထိ ဆက်လက်တိုက်ပွဲ၀င်သွားပါမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကျားသစ်နက်စစ်ကြောင်းကလည်း အခုလိုပဲ ၄နှစ်ပြည့် အသိပေးချက် ထုတ်ပြန်ခဲ့ရာ စစ်ကြောင်း မဖွဲ့စည်းရသေးချိန်မှ လက်ရှိအထိ တော်လှန်ရေးကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ ကူညီပေးတဲ့ ပြည်သူတွေ တိုင်းရင်းသား ညီအကိုမောင်နှမတွေ၊ တော်လှန်ရေးမိသားစုတွေနဲ့ ရဲဘော်ရဲဘက်တွေကို လေးစားဂါရ၀ပြု ကျေးဇူးတင်ကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ပညာ၊ တော်လှန်ရေးဆိုင်ရာ၊ စစ်ရေးစစ်ရာတွေ ကို ဦးဆောင်နိုင်တဲ့ အထိ စနစ်တကျ သင်ကြားပေးတဲ့ KNU. KNLA တပ်ဖွဲ့ဝင်တွေနဲ့ NUG.MOD တပ်ဖွဲ့ဝင်တွေကို ကျေးဇူးအထူးတင်ကြောင်း ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးတာဝန်များအားထမ်းဆောင်ရင်း ကျဆုံးသွားရတဲ့ရဲဘော်တွေ ကိုယ်လက်အဂ်ါတွေပေးဆပ်လိုက်ရတဲ့ရဲဘော်တွေကိုလည်း ဦးညွှတ်ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။

(ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ-(၂)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – Black Panther Column – တပ်ခွဲ ၂)

ဆက်စပ်သတင်းများ