Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယား ကုန်စည်တွေအပေါ် အခွန်တိုးကောက်မယ်လို့ ထရမ့်ပြော

မဟာမိတ် တောင်ကိုရီးယား နိုင်ငံအပေါ် သွင်းကုန်အခွန်တွေ ၁၅ ကနေ ၂၅ ရာခိုင်နှုန်းထိ တိုးမြှင့် စည်းကြပ်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

မဟာမိတ် တောင်ကိုရီးယား နိုင်ငံအပေါ် သွင်းကုန်အခွန်တွေ ၁၅ ကနေ ၂၅ ရာခိုင်နှုန်းထိ တိုးမြှင့် စည်းကြပ်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

မနှစ်တုန်းက နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်း သဘောတူညီမှု ကတိတွေကို တောင်ကိုရီးယားက မတည်ခဲ့တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလို့ ထရမ့်က လူမှုကွန်ရက်ပေါ်မှာ စွပ်စွဲ ရေးသားခဲ့ပါတယ်။ ဇန်နဝါရီ ၂၆ ရက်နေ့တုန်းက သူ့ရဲ့ လူမှုကွန်ရက် ပို့စ်တစ်ခုမှာ ထရမ့်က ကားတွေ၊ သစ်တောထုတ်ကုန်တွေ၊ ဆေးဝါးတွေ အပါအဝင် တောင်ကိုရီးယား ကုန်စည်တွေအပေါ် အခွန် ၁၅ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းတွေ တိုးကောက်သွားမယ်လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ နှစ်နိုင်ငံကြား သဘောတူညီထားတဲ့ ကတိတွေနဲ့အညီ အမေရိကန်ရဲ့ ကုန်သွယ်ရေး ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ကြေညာထားပေမယ့် တောင်ကိုရီးယားကတော့ အမေရိကန်ဆီ တင်ပို့တဲ့ ကုန်စည်တချို့အပေါ် အခွန်တိုးကောက်မယ့်အကြောင်း အမေရိကန်ဆီက တရားဝင် အကြောင်းကြားစာ ရောက်မလာသေးဘူးလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ လောလောဆယ် ကနေဒါကို ရောက်နေတဲ့ စက်မှုဝန်ကြီး ကင်မ်ဂျွန်ကွမ်ဟာ အမေရိကန် စီးပွားရေးဝန်ကြီး ဟောင်းဝပ် လတ်ထ်နစ်ခ်နဲ့ တွေ့ဆုံနိုင်ရေးအတွက် ဝါရှင်တန်ဒီစီ မြို့တော်ဆီ အမြန်ဆုံး သွားရောက်မယ်လို့ တောင်ကိုရီးယားက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ရရှိခဲ့တဲ့ သဘောတူညီမှု တစ်ခုအရ အမေရိကန်မှာ တောင်ကိုရီးယားက သင်္ဘောတည်ဆောက်ရေး လုပ်ငန်းတွေအတွက် ဒေါ်လာ ၃၅၀ ဘီလီယံလောက် မြှုပ်နှံဖို့ ကတိပြုခဲ့ပါတယ်။ အပြန်အလှန် အနေနဲ့ အမေရိကန်ဟာ တောင်ကိုရီးယားရဲ့ သွင်းကုန်အမျိုးအစား တချို့အပေါ် အခွန်လျှော့ပေါ့ပေးဖို့ လက်ခံခဲ့ပါတယ်။ အဲဒီ သဘောတူညီမှုကို နိုဝင်ဘာ ၂၆ ရက်နေ့က တောင်ကိုရီးယား လွှတ်တော်ဆီ တင်ပြထားပြီး လတ်တလောမှာ လေ့လာ ဆန်းစစ်နေဆဲ ဖြစ်ပြီး ဖေဖော်ဝါရီလလောက်မှာ လွှတ်တော်က အတည်ပြုမယ်လို့ ယုံကြည်ရပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံအတွက် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်နိုင်ရေးအတွက် အမေရိကန်က ပိုမိုပူးပေါင်း ကူညီသွားမှာဖြစ်ကြောင်း ကြေညာပြီး မကြာခင်မှာပဲ ထရမ့်က အခွန်တိုးကောက်မယ့် ကိစ္စကို လူမှုကွန်ရက်ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။

မဟာမိတ် တောင်ကိုရီးယားရဲ့ ပို့ကုန်တွေအပေါ် အခွန်တိုးကောက်မယ်ဆိုတဲ့ ထရမ့်ရဲ့ စကားနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ကတော့ လတ်တလောမှာ သီးခြားမှတ်ချက် မပေးသေးပါဘူး။

ကိုးကား: BBC

ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။