Connect with us

Hi, what are you looking for?

သတင်း

စစ်ကြောင်းပျက်တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထပ်မံတိုက်ခိုက်ခံရ

ပဲခူတိုင်း၊ ပေါက်ခေါင်းမြို့နဲ့ အုတ်တွင်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပျက် တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊အမှတ်(၂၁)ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း(၂)က ဇန်နဝါရီ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

(စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရရှိတဲ့ လက်နက်။ ဓာတ်ပုံ - ဗျူဟာ ၂၁)

ဖေဖော်ဝါရီ-၁၊ ၂၀၂၆။ ဒလပန်း/People’s Spring

ပဲခူတိုင်း၊ ပေါက်ခေါင်းမြို့နဲ့ အုတ်တွင်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပျက် တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊အမှတ်(၂၁)ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း(၂)က ဇန်နဝါရီ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ ပြည်-ပေါက်ခေါင်းကနေ နယ်မြေရှင်းလင်းဖို့ ထွက်လာတဲ့ တိုင်းဗဟို ၆ အမြောက်တပ်က အင်အား ၁၅၀ ပါ စစ်ကောင်စီစစ်ကြောင်းကို အုတ်တွင်းမြို့နယ် အုတ်တွင်း-ပေါက်ခေါင်းလမ်း ပြောင်းချောင်းကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးနီးပါးသေဆုံးခဲ့တဲ့အပြင် စစ်ကြောင်းပျက်ပြီး တပ်ဆုတ်ထွက်ပြေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၂၉ ရက်မှာ တပ်ဆုတ်ထွက်ပြေးလာတဲ့ အင်အား ၁၀၀ နီးပါးပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း အုတ်တွင်းမြို့နယ် တံခွန်တိုင်ပေါက်အနီးမှာ ဗျူဟာ(၂၁)ကွပ်ကဲမှူနဲ့ ဗျူဟာရုံးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ ပြည်ခရိုင်တပ်ရင်း (၁) တပ်ရင်းစစ် ကြောင်း ၊ ပြည်ခရိုင် တပ်ရင်း (၂) တပ်ခွဲ(၁)၊ တပ်ခွဲ(၃) တို့က မိုင်း(၂)ကွင်းနဲ့ မိုင်းဆွဲလိုက်နိုင်ပြီး လက်နက်ငယ်တွေနဲ့လည်း စောင့်ကြိုပစ်ခတ်တိုက်ခိုက်ရာ (၂၀)မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၂)က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိမှုတွေရှိသလိုအနည်းဆုံး (၁၀)ဦးခန့်သေဆုံးကာ MA-4 တစ်လက်၊၄၀မမအသီး(၁)လုံးသိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၂)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်တော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ထပ်မံ တိုက်ခိုက်ခံခဲ့ရတဲ့ အင်အား(၁၀၀)ပါ စစ်ကောင်စီစစ်‌‌ကြောင်းဟာ ဇန်နဝါရီ ၃၀ ရက် ည ၆ နာရီခန့်အချိန်မှာ ပေါက်ခေါင်းမြို့နယ် ဘော်ဒါအထိုင်စခန်းကိုအင်အား (၆၀)ဝန်းကျင်ခန့်သာ ပြန်ရောက်လာခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက် ညနေ ၅နာရီခွဲအချိန်မှာ ပေါက်ခေါင်းမြို့နယ်အခြေစိုက် ခလရ ၅၃ တပ်ရင်းထဲကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းတာတွေလုပ်ဆောင်ခဲ့ပါတယ်။

“ထူးခြားမှုအနေနဲ့ကတော့ ၃၀ ရက်နေ့ ညနေအချိန်မှာ ပြည်ဘက်ကနေပြီးတော့ ပေါက်ခေါင်း ခလရ ၅၃ ထဲကို ဖောကား ၅ စီးရောက်ရှိတယ်လို့ သိရတယ် “လို့ ပြည်ခရိုင် တပ်ရင်း (၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောပါတယ်။

ပြည်-ပေါက်ခေါင်းလမ်းပိုင်းမှာ အထိနာခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်း အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်တွေ အထိနာနေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်သားတချို့ KIA၊KPDF ပူးပေါင်းတပ်ထံ လက်နက်ချအလင်းဝင်လာကြပါတယ်။

သတင်း

စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၄၀၀ ကျော် ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကလေးခရိုင် အမှတ်(၉)တပ်ရင်း - ကလေး၀ PDF ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး အလင်းဝင်လာကြောင်း ကလေး၀ PDFက ဩဂုတ် ၆ရက်တွင် သတင်းထုတ်ပြန်သည်။