Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်း ၅နှစ်ပြည့် မုံရွာမြို့​မှာဆန္ဒပြ

စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်နေ့မှာမုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ပြီး စစ်ကိုင်းတိုင်းမုံရွာမြို့မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ-၁၊၂၀၂၆။သတိုး/People’s Spring

စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်နေ့မှာမုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ပြီး စစ်ကိုင်းတိုင်းမုံရွာမြို့မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

“တော်လှန်ခရီးကြမ်း(၅)နှစ်တိုင်ခဲ့‌ချေပြီ။ (၅)နှစ်တာကာလအတွင်း စစ်ရေး၊နိုင်ငံရေးအနိမ့်အမြင့် အတက်အကျ အလှည့်အပြောင်းများစွာကိုရင်ဆိုင်ကြုံတွ့ခဲ့ရပေသည်။ယခုထက်ပိုမိုခိုင်မာအား‌ကောင်းသည့် စုစည်းညီညွတ်မှု၊စုဖွဲ့ပြင်ဆင်မှုတွေနဲ့အတူ တော်လှန်ပြည်သူလူထုအားနဲ့ တော်လှန်ဒီရေအရှိန်အဟုန်မြှင့်တင်ကာ အခက်ခဲ ကျောက်ဆောင်တွေကို ကျော်ဖြတ်ကြပါစို့။”လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက တိုက်တွန်းထားပါတယ်။

ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ရဲဘော်တွေက “တော်လှန်ဒီရေ မြင့်သစ်သို့ စုစည်းပါဝင်ဆက်ချ” ဆိုတဲ့စာတမ်းကိုင်ဆောင်ပြီးတော်လှန်ရေးကိုဆက်လက်ချီတတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ဒီစစ်အာဏာရှင်စနစ်ကို ကျွန်မတို့ပြည်သူလူထု တစ်ရပ်လုံးက ရသမျှနည်းလမ်းအစုံနဲ့ တိုက်ပွဲဝင်သွားကြဖို့ လိုအပ်ပါတယ်။ ဒီငါးနှစ်ပြည့်တဲ့ အချိန်မှာ တော်လှန်တိုက်ပွဲဝင်နေတဲ့ အစုအဖွဲ့တွေ ရဲဘော်ရဲဘက်တွေအားလုံးက ငါးနှစ်တာကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အနိမ့်အမြင့်တွေ အတတ်အကျတွေ အပြောင်းအလဲတွေကို ပြန်လည်စိစစ်သုံးသပ်ပြီး တော့ အာဏာရှင်စနစ်ကို ဖြိုချဖို့အတွက် စုဖွဲ့မှုတွေ စုစည်းညီညွှတ်မှုတွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”လို့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မချောစုစုစံက ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းကာလ (၅)နှစ်ပြည့်ချိန်မှာ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဝေမိုးနိုင်အပါအဝင် ရဲဘော်ရဲဘက်တွေဟာ အကျဉ်းထောင်တွေထဲမှာ မတရားအပြစ်ဒဏ်ကျခံနေရဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သပိတ်မှာပါဝင်သူတွေက “စစ်အာဏာရှင် ဆန့်ကျင်ရေး ဒို့အရေး” “ဒီမိုကရေစီရရှိရေး ဒို့အရေး” “တို့ပြည်သူတွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့ ” “မုံရွာသားတွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့” စတဲ့ ကြွေးကြော်သံတွေဟစ်ကြွေးပြီး လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုအပေါ် သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက ““မုံရွာကကွယ် ခိုင်မာတယ်”ဒီနေ့၊ ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၅)နှစ်ပြည့်တဲ့အချိန် မုံရွာမြို့ အထင်ကရနေရာတခုမှာ ဖော်ဆောင်ခဲ့ကြတဲ့ လူထုတိုက်ပွဲလှုပ်ရှားမှု မြင်ကွင်း ဖြစ်ပါတယ်။ခရီးဆုံးတိုင် အတူ ဆက်လျှောက်ကြမည်။ဒီနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကြုံတွေ့ရတာနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရတာ ကျနော်တို့က နောက်ဆုံးမျိုးဆက်ပဲ ဖြစ်ရမယ်။”လို့ မှတ်ချက်ရေးသားထားပါတယ်။

ရုပ်သံ – Tayzar San/FB

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။