Connect with us

Hi, what are you looking for?

သတင်း

ကပစ(၁၂)ကို PDFသရက်ခရိုင်တပ်ရင်း(၄) တိုက်ခိုက်

မကွေးတိုင်း၊ သရက်မြို့နယ်က အမှတ်(၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)ကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ- ၂၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ သရက်မြို့နယ်က အမှတ်(၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)ကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

အကြီးစားလက်နက်တွေဖြစ်တဲ့ ၁၂၀ မမ၊ ၆၀မမနဲ့ ၄၀ မမ ဗုံးသီးတွေ ထုတ်တဲ့ ကပစ(၁၂)ကို မနေ့က (ဖေဖော်ဝါရီ ၁ ရက်) မနက် ၄ နာရီခွဲက လက်လုပ်ရော့ကတ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဒေသတွင်းမှာ ဒီစက်ရုံကပဲ စစ်ရေးလုံခြုံရေးတွေ အဓိကလုပ်နေတာ။ စကမ(စစ်ကော်မရှင်)ရဲ့ အရေးပါတဲ့ ကပစ စက်ရုံလည်းဖြစ်တယ်”လို့ အထက်ပါတာဝန်ရှိသူက တိုက်ခိုက်ခဲ့မှုကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

စက်ရုံအတွင်းက ပစ်မှတ်အဆောက်အဦးတွေကို ပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်​တယ်လို့ အသိပေးပါတယ်။ဒါပေမယ့် စစ်တပ်က လက်နက်ကြီး၊ ရှော့တိုက်ဒုန်းတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ တစ်လကျော်ကလည်း ကပစ(၁၂)ရဲ့ အနောက်ဘက်ခြမ်း ၁၀ မိုင်ဝန်းကျင်မှာရှိတဲ့ ဆင်ကော်ရွာတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ဖူးပါတယ်။စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

သရက်မြို့နယ်အပါအဝင် မကွေးတိုင်းမှာ ကပစ စက်ရုံ ၁၅ ခုထိရှိပြီး ပြီးခဲ့တဲ့လပိုင်းတွေက ပေါက် နဲ့ ဆိပ်ဖြူမြို့နယ်က ကပစ စက်ရုံတွေရဲ့ ဓာတ်အားလိုင်းစနစ်တွေကို ကာကွယ်ရေးတပ်တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။

ရုပ်သံ – သရက်ခရိုင်တပ်ရင်း(၄)

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ