Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ စစ်တပ်က တစ်လအတွင်း လူငယ် ၆၀ ကျော် ပေါ်တာဆွဲပြီး လေ့ကျင့်ရေးတပ်ကို ပို့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်က ဇန်နဝါရီလအတွင်း အလုပ်သွားအလုပ်ပြန်တွေနဲ့ ခရီးသွားလူငယ် ၆၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အမှတ်(၈)လေ့ကျင့်ရေးတပ်ကို ချက်ချင်း ပို့ဆောင်တယ်လို့ အဖမ်းခံရသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရသူများ။ ဓာတ်ပုံ - စကစ

ဖေဖော်ဝါရီ ၄၊ ၂၀၂၆။ အလင်္ကာ/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်က ဇန်နဝါရီလအတွင်း အလုပ်သွားအလုပ်ပြန်တွေနဲ့ ခရီးသွားလူငယ် ၆၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အမှတ်(၈)လေ့ကျင့်ရေးတပ်ကို ချက်ချင်း ပို့ဆောင်တယ်လို့ အဖမ်းခံရသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲ၊ ပျူ လှည့်ကင်းက မြို့နေရပ်ကွက်တွေက အလုပ်သွားအလုပ်ပြန်လူငယ်တွေ၊ အခြားမြို့နယ်ကျေးရွာတွေက ခရီးသွားလူငယ်တွေကို ကားကြီးဝင်းရှေ့၊ ဆုတောင်းပြည့်ကွေ့၊ စက်မှုဇုန်လမ်း၊ သက္ကယ်တန်းချောင်းတံတား၊ ရွှေဘို-ရေဦးလမ်း၊ ရွှေဘိုဆိပ်ခွန်လမ်းထွက် ဝါစက်ရုံအနီးနဲ့ ရွှေဓားကျောင်းရှေ့လမ်းတို့ကနေ စောင့်ကြို ဖမ်းဆီးပြီး အမှတ်(၈)လေ့ကျင့်ရေးတပ်ကို ချက်ချင်းပို့ဆောင်တယ်လို့ သိရပါတယ်။

“ဘယ်လိုမှ ရှောင်မရတဲ့နေရာတွေက စောင့်ဖမ်းတာ။ ဆိုင်ကယ်နဲ့သွားရင်ဖမ်းလို့ ဆိုင်ကယ်ဘေးတွဲနဲ့အလုပ်သွားတာ။ အဲ့ဒါလည်းမရဘူး။ အတင်းဆွဲချဖမ်းတာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်က အစစ်ဆေးအမေးအမြန်းမရှိ ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် မြို့အတွင်းနေ လူငယ်တွေဟာ ညပိုင်းမှာ ပုန်းရှောင်နေထိုင်ကြရပြီး နီးစပ်ရာမြို့နယ်ကျေးရွာတွေမှာပြောင်းရွှေ့နေမှုတွေ များနေတယ်လို့ သိရပြီး မြို့တွင်းလုပ်ငန်ရှင်တွေနဲ့ အလုပ်ရုံ၊ စက်ရုံတို့နဲ့ စျေးဆိုင်တွေမှာ လုပ်သားရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့ စစ်ကောင်စီလှည့်ကင်း​တွေက စက်မှုဇုန်လမ်း သက္ကယ်တန်းချောင်းတံတားပေါ်မှာ အလုပ်သွားနဲ့ ခရီးသွားလူငယ် ၂၅ ဦး၊ ရွှေဘိုဆိပ်ခွန်လမ်း ဝါစက်ရုံအနီးမှာ ၅ ဦး၊ ကားကြီးဝင်းအနီးနဲ့ ထူထောင်ရေး၊နွားလေးကုန်း၊ သရက်ခြံ၊ ချီပါစုနဲ့ အောင်ချမ်းသာရပ်ကွက်တို့က အလုပ်သွားနဲ့ ခရီးသွားလူငယ် ၃၀ ဦးကျော်တို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဘယ်မှလိုက်မရှာနဲ့။ စစ်တပ်ထဲ ရောက်နေတယ်။ ဘယ်မှမပို့ဘူး။ တပ်ထဲ တန်းခေါ်သွားတာ။ သင်တန်းဆင်းနေရတာ ဒါပဲသိရတာ။ နောက်ထပ် ဘာဆက်သွယ်တဲ့ ဖုန်းမလာတော့ဘူး”လို့ ပေါ်တာဆွဲဖမ်းဆီးခံရသူရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်မှုထမ်း အပတ်စဥ်-၂၁ ကို စတင်နေပြီဖြစ်ပြီး စစ်မှုထမ်း အပတ်စဥ်-၂၂ အတွက်လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။