Connect with us

Hi, what are you looking for?

သတင်း

ငလျင်ထိထားတဲ့ ပုထိုးတော်ကြီးဘုရား စစ်ကောင်စီက အရင်မပြင်ဘဲ ဇာတ်ပွဲထည့်ဖို့စီစဥ်နေ

ငလျင်ထိပြီးပြိုကျထားတဲ့ အမရပူရမြို့က ပုထိုးတော်ကြီးဘုရား ပြင်ဆင်မှုတွေ မလုပ်ရသေးပေမဲ့ ဘုရားပွဲလုပ်ကာ ဇာတ်ပွဲထည့်ဖို့ စီစဥ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ငလျင်ထိခဲ့တဲ့ ပုထိုးတော်ကြီးဘုရားကို တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဖေဖော်ဝါရီ ၆၊၂၀၂၆။မေရီ/People’s Spring

ငလျင်ထိပြီးပြိုကျထားတဲ့ အမရပူရမြို့က ပုထိုးတော်ကြီးဘုရား ပြင်ဆင်မှုတွေ မလုပ်ရသေးပေမဲ့ ဘုရားပွဲလုပ်ကာ ဇာတ်ပွဲထည့်ဖို့ စီစဥ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

အမရပူရမြို့က ငလျင်ထိပြီး စေတီတော်ကြီး ပြိုကျထားတဲ့ ပုထိုးတော်​ကြီးဘုရားဟာ ပြင်ဆင်မှုတွေ တစ်ခုမှ မလုပ်ရသေးပေမဲ့ လာမယ့်မတ်လ ၁၈ ရက်ကစပြီး ဘုရားပွဲတော်ပြန်လုပ်ကာ စမ်းရေမိုးဇာတ်သဘင်နဲ့ ပွဲ ၃ည ကမယ်ဆိုတဲ့ကြေညာပိုစတာတွေ လိုက်ကပ်နေကြောင်း အမရပူရမြို့ခံတွေက ပြောပါတယ်။

“ဘုရားက အပြိုအတိုင်းပဲ။ ဇာတ်ကလည်း လောလောဆယ် စမ်းရေမိုးတစ်ဇာတ်တည်း ကြေညာထားပေမဲ့ ထပ်လည်းပါဦးမယ်ကြားတယ်”လို့ အမရပူရမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အချို့ကလည်း ဘုရားပြင်ဖို့အတွက် ပွဲထည့်ပြီး ရန်ပုံငွေရှာတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာ လက်ရှိ မန္တလေးမဟာမုနိဘုရားကြီးပွဲနဲ့ ကုသိုလ်တော်ဘုရားပွဲတွေ ကျင်းပနေပြီး အောင်ဇမ္ဗူနဲ့စမ်းရေမိုးဇာတ်တွေ ကပြနေကြပါတယ်။ ဘုရားပွဲထဲမှာလည်း လောင်းကစားဝိုင်းတွေနဲ့ပြည့်နေပြီး ပျူစောထီးတွေကပါ လက်နက်ကိုင်သောင်းကျန်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ အေးချမ်းနေတယ်ဆိုတဲ့ပုံရိပ်ကိုတည်ဆောက်ဖို့ ပွဲလမ်းသဘင်တွေ ပြန်လည်ကျင်းပစေခဲ့ပြီး ၅ နှစ်ကျော်ရပ်နားထားတဲ့ဇာတ်သဘင်အဖွဲ့တွေ ပြန်လည်ကပြလာကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။