Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်ကြားမှာ တိုက်ပွဲပြင်းထန်နေ

စစ်တပ်အရာရှိအပါအဝင် သေဆုံးမှုရှိဟုဆို

KNDFတပ်ရင်း(၁၅)က ရဲဘော်တစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF

ဖေဖော်ဝါရီ-၇၊ ၂၀၂၆။ဇော်ဝင်း/People’s Spring

ကရင်နီပြည်နယ်၊ ဘောလခဲနဲ့ ဖားဆောင်း မြို့နယ်ကြားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က တပ်ရင်းမှူးတစ်ဦးအပါအဝင် သေဆုံးသူတွေရှိတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်နဲ့ရဲဘော်အချို့က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကို ခုခံမှုကြောင့် ရဲဘော်အချို့လည်း သေဆုံးထိခိုက်ဆုံးမှုရှိတယ်လို့ ဆိုပါတယ်။

“ဘောလခဲ-ဖားဆောင်းကြားမှာတိုက်ပွဲ ပြင်းထန်နေတယ်။နှစ်ဖက်ကျဆုံးမှုတွေရှိတယ်။စစ်တပ်ဘက်က ခေါင်းကြီးပိုင်းတချို့ပါတယ်။ကျွန်တော်တို့ဘက်ကလည်း ရဲဘော်နှစ်ဦးကျဆုံးတယ်။မနေ့က မြေချတယ်”လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်ကြားက ခြေကုပ် စခန်းတွေကို စစ်တပ်က ရယူဖို့ကြိုးစားနေတာ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရာနဲ့ချီ ပြီး စစ်ကြောင်းထိုးနေလို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

“ခလရ(၁၃၄)တပ်ရင်းမှူး ကျတယ်လို့ ကြားတယ်။နောက် ဗိုလ်ကြီးတစ်ဦးလည်းပါတယ်။တပ်ရင်း သုံးခုလောက်နဲ့သုံးပြီး တိုးနေတာ။ဘောလခဲ ဖားဆောင်း တကြောကို။ ထူးချောင်းဘက်ကတော့ အဓိကပဲ”လို့ သူက ပြောပါတယ်။

လက်ရှိ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်မှာ ကလလတ၊KAအပါအဝင် ကရင်နီတပ်တွေက တပ်ပေါင်းစုအသွင်နဲ့ စစ်တပ်စစ်ကြောင်းတွေကို တိုက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နန်းဖဲ – ဘောလခဲနဲ့ ဘောလခဲ -ဖားဆောင်းတဝိုက်မှာ နေ့စဥ် တိုက်ပွဲတွေဖြစ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ပြောထားပါတယ်။

ဒါ့ကြောင့် ဖရူဆို- ထားလဲ- နန်းဖဲ-ဘောလခဲ လမ်းမကြီးကို လုံးဝအသုံးမပြုဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း