Connect with us

Hi, what are you looking for?

သတင်း

ဘုံရန်သူကို အတူတိုက်ထုတ်ကြစို့ဟု ရှမ်းပြည်အမျိုးသားနေ့သို့ NUG သဝဏ်လွှာပို့ တိုက်တွန်း

ရှမ်းပြည်အတွင်းရှိ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတရပ်လုံးအနေနဲ့ စည်းလုံးညီညွတ်မှုကို ရှေ့တန်းတင်ကာ ဘုံရန်သူကို အတူတကွ တိုက်ထုတ် သွားကြပါစို့ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တိုက်တွန်းလိုက်ပါတယ်။

RCSSနဲ့ SSPPတို့ ၇၉) နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - RCSS၊ SSPP

ဖေဖော်ဝါရီ-၇၊ ၂၀၂၆။ ဟန်နွေ/People’s Spring

ရှမ်းပြည်အတွင်းရှိ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတရပ်လုံးအနေနဲ့ စည်းလုံးညီညွတ်မှုကို ရှေ့တန်းတင်ကာ ဘုံရန်သူကို အတူတကွ တိုက်ထုတ် သွားကြပါစို့ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၇ရက်မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့)မှာ NUGက သဝဏ်လွှာပေးပို့ ရာမှာ အခုလို ဖော်ပြတိုက်တွန်းခဲ့တာပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှု၊ ခွဲခြားဆက်ဆံမှုတွေကြောင့် ရှမ်းပြည်သူတို့ မျှော်လင့်တောင့်တခဲ့တဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တို့ဟာ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းစစ်ရဲ့ ခါးသီးသော ဒဏ်ချက်များကိုလည်း အလူးအလဲ ခံစားခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

” ရှမ်းတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး၏ စည်းလုံး ညီညွတ်စွာ ပူးပေါင်းအားထုတ်မှုဖြင့် အခက်အခဲများကို ကျော်လွှားကာ ငြိမ်းချမ်းပြီး လွတ်လပ် သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်၏ မနက်ဖြန်ဆီသို့ မလွဲမသွေ ရောက်ရှိလာမည်ဟု ယုံကြည် ပါသည်”လို့လည်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများနဲ့ ပူးပေါင်း ကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက်သာမက၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ တိုင်းရင်းသား လူမျိုးအားလုံးရဲ့ တန်းတူ ညီမျှမှုကို အာမခံနိုင်တဲ့ “ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်” တည်ဆောက်ရေးကို မယိမ်းယိုင်သော သန္နိဋ္ဌာန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း NUGက သဝဏ်လွှာ ပေးပို့ပါတယ်။

ရှမ်းပြည်အမျိုးသားနေ့မှ စတင်လိုက်သော ညီညွတ်ရေးစိတ်ဓာတ်ဟာ ဖက်ဒရယ်ဒီမိုက ရေစီတော်လှန်ရေး အောင်မြင်တဲ့အထိ အားကောင်းမောင်းသန် ဆက်လက် ရှင်သန်နေပါစေလို့လည်း ဖော်ပြထားပါတယ်။

ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့က သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းကျင်းပခဲ့ပါတယ်။

RCSSနဲ့ SSPP ဝါရင့်တော်လှန်ရေး အဖွဲ့တွေအနေနဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တိုက်ခိုက်တဲ့ တော်လှန်ရေးတွေမှာတော့ ၅နှစ်ကြာတဲ့အထိ ပါဝင်ခြင်းမရှိသေးတဲ့ တပ်ဖွဲ့တွေလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ပြည်ထောင်စုသစ်တည်ဆောက်ရေးတွင် ရှမ်းတိုင်းရင်း သားအားလုံးနှင့် လက်တွဲဆောင်ရွက်လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထပ်မံ ဖိတ်ခေါ်လိုက်သည်။

News

ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားပြည်သူများ အားလုံးသည် တစ်စိတ်တစ်ဝမ်းတည်းဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် စုစည်းလက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းဖိတ်ခေါ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က (၇၅)နှစ်မြောက် ရှမ်းအမျိုးသားနေ့(ရှမ်းပြည်နယ်နေ့)သို့ သဝဏ်လွှာပေးပို့သည်။ ယခုအချိန်သည် စစ်အာဏာသိမ်းယူမှုကို အကြမ်းမဖက် ဆန့်ကျင်ကြသည့် နိုင်ငံသူ၊ နိုင်ငံသားများစွာအပေါ် အကြမ်းဖက်နှိမ်နင်းခြင်း၊ ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူများ...