Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ဗျုဟာကနေ ဖောက်ထွက်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၅ တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ဖာပွန်စစ်ဗျူဟာထဲကနေ ဖောက်ထွက်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ(၅) ပူးပေါင်းတပ်တို့အကြားအခုရက် ပိုင်းအတွင်း တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ KNU မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဖာပွန်အခြေစိုက် ခလရ ၁၉ ကို ပူးပေါင်းတပ်သိမ်းယူပြီးနောက်တွေ့ရပုံ (ပုံဟောင်း)

ဖေဖော်ဝါရီ – ၈ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ဖာပွန်စစ်ဗျူဟာထဲကနေ ဖောက်ထွက်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ(၅) ပူးပေါင်းတပ်တို့အကြားအခုရက် ပိုင်းအတွင်း တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ KNU မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

KNU တပ်မဟာ(၅)နဲ့ ပူးပေါင်းတပ်တွေ ဝိုင်းရံပိတ်ဆို့ထားတဲ့ ဖာပွန်စစ်ဗျူဟာမှာ ပြီးခဲ့တဲ့ရက်ပိုင်း ဖေဖော်ဝါရီလ ၄ရက်မှာ ဗျူဟာထဲက စစ်ကောင်စီတပ်ဖွဲ့ဟာ အပြင်ဘက်ကို ဖောက်ထွက်ဖို့ ကြိုးစားလာတဲ့အတွက် အချိန်တော်တော်ကြာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

တိုက်ပွဲအတွင်းနှစ်ဖက်တပ်တွေထိခိုက်ဒဏ်ရာရရှိမှုရှိပေမယ့် အတိအကျကိုတော့ မသိရသေးဘူးလို့ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ (ဖေဖေါ်ဝါရီ ၈)ရက် မှာ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“အခုတော့ စကမ(စစ်ကောင်စီ )ဘက်ကသူတို့စခန်းထဲမှာပဲ ပြန်ပြီး စုနေပြန်ပြီလို့ပြောတယ်” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

နှစ်နှစ်နီးပါး ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ ဖာပွန်စစ်ဗျူဟာ မကျရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ကူပေးသလို ဖာပွန်မြို့တောင်ဘက် ကမမောင်းမြို့အခြေစိုက် စစ်ဗျူဟာကနေ လည်း ကမမောင်း-ကတိုင်တိ-ဖာပွန်ကားလမ်းအတိုင်း စစ်ကူပေးပို့ဖို့ ကြိုးပမ်းနေတာပါ။

ဒါပေမယ့် KNU တပ်မဟာ(၅)နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ရဲ့ စစ်ကူစစ်ကြောင်းဟာ ဒီနေ့အထိ ရှေ့ဆက်မတိုးနိုင်သေးပဲ ကမမောင်းမြို့အနီးက ဝါးဒူးရွာမှာ တပ်စွဲထားနေဆဲဖြစ်ပါတယ်။

မနေ့ (ဖေဖော်ဝါရီ ၇ ရက်) နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်မှာတော့ ဖာပွန်ခရိုင်၊ တေးမူဒဲကျေးရွာအုပ်စု၊ မီးမော်ဒဲကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အသက်ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုဆီကသိရပါတယ်။

ဖာပွန်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း KNU တပ်မဟာ (၅) ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။

ဖာပွန်မှာအခြေစိုက်တဲ့ အမှတ် (၁၉) ခြေလျင်တပ်ရင်း (ခလရ ၁၉ )၊ အမှတ် (၄၃၄) ခြေမြန်တပ်ရင်း (ခမရ ၄၃၄) ၊ အမှတ် ( ၆၄၂ ) စစ်လက်နက်ပစ္စည်းတပ်ရင်း (စလန ၆၄၃) တို့ကို ပူးပေါင်းတပ်က သိမ်းယူထားပါတယ်။

ကျန်ရှိနေတဲ့ ဖာပွန်အခြေချ စစ်ဗျုဟာ ၊ အမှတ် ( ၃၄၀) ခြေမြန်တပ်ရင်း (ခမရ ၃၄၀) ၊ အမှတ် ( ၃၄၁) ခြေမြန်တပ်ရင်း ( ခမရ ၃၄၁) တို့ကိုတော့ ဆက်လက်ဝန်းရံပိတ်ဆို့ထားတာဖြစ်ပါတယ်။

ဖာပွန်အခြေစိုက် ခလရ ၁၉ ကို ပူးပေါင်းတပ်သိမ်းယူပြီးနောက်တွေ့ရပုံ (ပုံဟောင်း)

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook