Connect with us

Hi, what are you looking for?

သတင်း

ကချင် မြို့နယ်သုံးခုမှာ KIAနဲ့ စစ်တပ် တိုက်ပွဲဖြစ်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဖေဖော်ဝါရီ ၉ရက် စစ်ရေး အခြေအနေတွေကို ပြောပါတယ်။

KIAပူးပေါင်းတပ်တွေ ၂၀၂၄ မတ်လ ၂၀ ရက်က သိမ်းပိုက်ရရှိခဲ့သော ဘွမ်ရေဘွမ့် (Bumre Bum) စခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ − NUG

ဖေဖော်ဝါရီ-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဖေဖော်ဝါရီ ၉ရက် စစ်ရေး အခြေအနေတွေကို ပြောပါတယ်။

အဲဒီဒေသတွေမှာ ဇန်နဝါရီလကုန်ပိုင်းနဲ့ ဖေဖော်ဝါရီလဆန်းကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး တပတ်ကျော်ကြာတဲ့အထိစစ်ရေး တင်းမာနေဆဲ၊ တိုက်ပွဲတွေဖြစ်နေဆဲလို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့အခြေစိုက် စစ်ကောင်စီရဲ့ နမ့်ပေါင်လေတပ်စခန်းကိုလည်း KIAက ဖေဖော်ဝါရီ ၈ရက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း လူမှုကွန်ရက်မှာ ရေးသားမှုတွေ တွေ့ရပါတယ်။ အဲဒီလိုတိုက်ခိုက်မှုမှာ လေတပ်စခန်းက လေကြောင်းထိန်းသိမ်းရေးအတွက် အရေးကြီးတဲ့ ရေဒါထိန်းချုပ်ရေးစင်တာကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ရေးသားမှုတွေရှိပေမယ့် သီးခြား အတည်ပြုချက်မရသေးပါဘူး။

Public Service Announcement

Public Service Announcement

အဲဒီဖြစ်စဉ်အပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေတွေကို KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားဆဲပါ။

ဗိုလ်မှူးကြီးနော်ဘူနဲ့ ဖေဖော်ဝါရီ ၆ရက်မှာ အဆက်အသွယ်ရရှိစဉ် စစ်ရေးအခြေအနေ ရှင်းပြချက်မှာတော့ ကချင်ပြည်နယ် ဝိုင်းမော်မြိုနယ်မှာ ကျန်နေတဲ့ စစ်ကောင်စီရဲ့ ခလရ(၅၈)တပ်ရင်းရဲ့ ကာကင်းစခန်း ၂ခုကို သိမ်းရထားသလို ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေ နေ့တိုင်းလိုဖြစ်နေတာ၊ စစ်ကောင်စီရဲ့ မပခ စစ်တိုင်းဌာနချုပ်က ဝိုင်းမော်မြို့ကို အင်အားတွေဖြည့်နေတာ၊ လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေရှိတယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသဘက်မှာလည်း ဇန်နဝါရီ ၃၀ရက် ညကနေစတဲ့ တိုက်ပွဲဟာ ဖေဖော်ဝါရီ ၆ရက်အထိ ရှိနေပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကို KIAက ခုခံတိုက်ခိုက်တဲ့ အနေအထားလို့ ရှင်းပြပါတယ်။ စစ်ကောင်စီဟာ အင်းတော်ကြီးဘက်မှာလည်း အင်အားတွေဖြည့်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ပြောပြပါတယ်။

အင်းတော်ကြီးဘက်က စစ်ကြောင်းနဲ့ ဖားကန့်ဘက်က ဆင်းလာတဲ့ စစ်ကြောင်းတွေကတော့ KIA ပူးပေါင်းတပ် ထိန်းချုပ်ထားတဲ့ လမ်းကြောတွေ နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သုံးသပ်ထားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပြထားပြီး တိုက်ပွဲဆက်ဖြစ်နိုင်ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

သတင်း

ကချင်ပြည်နယ်ꩻ ဗန်းမော်မြို့ကို စစ်တပ်က အင်အား ၁၀၀၀ ကျော် ဖြည့်တင်းထားပြီး အများစုဟာ စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ လူငယ်တွေဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Facebook