Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်မှာ TNLAနဲ့ MNDAA တင်းမာမှုဖြစ်၊ တိုက်ပွဲဖြစ်မှာကိုဒေသခံတွေ စ်ိုးရိမ်

MNDAAက အထူးဒေသအဖြစ် ကြေငြာပြီး အုပ်ချုပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့မှာ ယမန်နေ့ညက TNLA နဲ့ MNDAA တပ်ဖွဲ့ဝင်​တွေကြားတင်းမာမှုဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်မှာကိုဒေသခံတွေက စ်ိုးရိမ်နေကြပါတယ်။

​ဖေ​ဖော်ဝါရီ-၁၄၊၂၀၂၆။လူအေး/People’s Spring

MNDAAက အထူးဒေသအဖြစ် ကြေငြာပြီး အုပ်ချုပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့မှာ ယမန်နေ့ညက TNLA နဲ့ MNDAA တပ်ဖွဲ့ဝင်​တွေကြားတင်းမာမှုဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်မှာကိုဒေသခံတွေက စ်ိုးရိမ်နေကြပါတယ်။

ကွတ်ခိုင်မြို့နေရာများစုမှာ MNDAA တပ်ဆင်ထားတဲ့ CCTVတွေ နဲ့ MNDAA ရုံးတွေကို TNLA အင်အားအများအပြားက လိုက်လံဖြုတ်သိမ်းလိုက်တာကနေ တင်းမာမှုစတင်တာလို့ ဒေသခံတွေကပြောပါတယ်။

“နှစ်ဘက်စလုံးက အင်အားအများကြီးပဲ။ MNDAAကလည်း တာမိုးညဲကနေ ကားတွေနဲ့ ဆင်းချလာတာ။ညက ၁၁ နာရီလောက်က သေနတ်ပစ်သံတွေကြားသေးတယ်။ နောက်ပိုင်း ငြိမ်နေတယ်။ ခေါင်းဆောင်တွေ ညှိကြမလားတော့ မသိဘူး။ အခြေအနေကတော့ မကောင်းပါဘူးဗျာ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

MNDAA တပ်ဖွဲ့ဝင်အချို့ ရိုက်နှက်ခံထားရတဲ့ဗီဒီယိုဖိုင်တချို့ လူမှုကွန်ရက်အပေါ်တက်လာတာကို တွေ့ရပါတယ်။ ဒါ​ပေမယ့် အဆိုပါဗီဒီယိုဖိုင်​တွေက အဖြစ်မှန် ဟုတ်၊မဟုတ် သီးခြားအတည်မပြုနိုင်သေးပါဘူး ။

ညက အခြေအနေအရ တိုက်ပွဲဖြစ်မယ်လို့ မြို့ခံတွေစိုးရိမ်ခဲ့ကြပြီး ဒီနေ့မနက်အထိ ပစ်ခတ်သံတွေထပ်မံမကြားရတော့တာကြောင့် နှစ်ဘက်ညှိနှိုင်းလိုက်ပြီလို့ ယူဆကြောင်း အခြားမြို့ခံတဦးကပြောပါတယ်။

ယခုဖြစ်စဥ်နဲ့ပတ်သက်ပြီး TNLA ​ပြော​ရေးဆိုခွင့်ရှိသူ ​လွေး​ယေဦးကို People’s Spring ကဆက်သွယ်​မေးမြန်းဖို့ ကြိုးစား​ပေမယ့် ဆက်သွယ်မရ​သေးပါဘူး ။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ သိမ်းယူထားခဲ့ကြတဲ့ကွတ်ခိုင်မြို့ကို တအာင်းတပ် TNLAရော ကိုးကန့်တပ် MNDAA ပါ ထိန်းချုပ်ထားပြီး နှစ်ဖက်စလုံးက အုပ်ချုပ်ရေးယန္တရားတည်‌ ဆောက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ဇန်နဝါရီလာဆန်းမှာသိန္နီ၊ကွတ်ခိုင်၊လောက်
ကိုင်၊ မုံးကိုးခရိုင်ဆိုပြီးခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ဖွဲ့စည်းပြီးအထူးဒေသ ၁ အဖြစ် သတ်
မှတ်လိုက်ကြောင်း MNDAAက ကြေညာခဲ့ပါတယ်။

ကွတ်ခိုင်မြို့အနီးက နမ့်ဖက်ကာမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားပါတယ်။ ၂၀၂၄ ဧပြီလတုန်းကလည်း ကွတ်ခိုင်မြို့ပေါ်မှ ရှိတဲ့ KIA ဆက်ဆံရေးရုံးတွေကို TNLAက ပိတ်ခိုင်းလို့နှစ်ဘက်တင်းမာမှုဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ညှိနှိုင်းခဲ့ကြပြီး ပြေလည်ခဲ့ပါတယ်။

ရှမ်းမြောက်ကုန်သွယ်ရေးလမ်း‌ပေါ်က ကွတ်ခိုင်
မြို့ဟာ KIA တပ်မဟာ(၄) လှုပ်ရှားရာဒေသမှာ ပါဝင်ပြီး TNLAကလည်း တပ်မဟာ(၅)စစ်ဒေသအဖြစ် ကြေငြာထားပါတယ်။ MNDAAကလည်း အထူးဒေသ ၁ အဖြစ်ကြေညာထားသလို စစ်တပ်ကလည်းပြန်ရယူဖို့ နည်းမျိုးစုံကြိုးပမ်းနေတာပါ။

၂၀၂၅ ဇူလိုင်လ ၃၀ရက် နံနက်က ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိ ရာစုသစ်ဟိုတယ်(၂) အနီးကို စစ်တပ်က ဗုံးကြဲလို့အရပ်သား (၇) ဦးသေဆုံး၊ (၁၃) ဦးဒဏ်ရာရခဲ့ပါတယ်။ နောက်ပိုင်းမှာ လေ
ကြောင်းကနေ ကင်းထောက်နေခဲ့ပါတယ်။တရုတ်အစိုးရအကူအညီနဲ့လည်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီကပြန်တောင်းနေတယ်လို့သိရပါတယ်။
စစ်တပ်ကဗုံးကြဲတိုက်ခိုက်မှုတရုတ်အစိုးရရဲ့စေ့စပ်ညှိနှိုင်းမှုနဲ့ခက်ခဲစွာရရှိထားတဲ့အပစ်ရပ်သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်လိုက်တာဖြစ်ပြီး နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေတယ်လို့ MNDAAက ထုတ်ပြန်ခဲ့ပါတယ်။

ရှုပ်ထွေးနေတဲ့အခြေအနေတွေမှာ အခုလို တော်
လှန်ရေးအဖွဲ့အချင်းချင်း တင်းမာမှုအပေါ် ဒေသခံတွေကစိတ်ပျက်နေကြပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား