Connect with us

Hi, what are you looking for?

သတင်း

မြန်မာနဲ့ အာဆီယံကြား ပေါင်းကူးညှိနှိုင်းပေးလိုကြောင်း ထိုင်းအစိုးရဆို

မြန်မာနဲ့အရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး (အာဆီယံ)ကြားမှာ နားလည်မှု ပြန်တည်ဆောက်ဖို့ ပေါင်းကူး ညှိနှိုင်းပေးလိုကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

(ဦးသန်း​ဆွေ နဲ့ ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးတို့ကို ဖေ​ဖော်ဝါရီ ၁၈ ရက်​နေ့ကဖူးခက်မှာ​အတူ​တွေ့ ရစဥ်။ဓါတ်ပုံ-Thai MOFA )

​ဖေ​ဖော်ဝါရီ-၁၉၊၂၀၂၆။People’s Spring

မြန်မာနဲ့အရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး (အာဆီယံ)ကြားမှာ နားလည်မှု ပြန်တည်ဆောက်ဖို့ ပေါင်းကူး ညှိနှိုင်းပေးလိုကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

အာဏာသိမ်းမြန်မာစစ်တပ်ကခန့်အပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ် ၊ဒုဝန်ကြီးချုပ်လည်ဖြစ်တဲ့ ဦးသန်းဆွေ နဲ့ ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မှာ တွေ့ဆုံခဲ့တဲ့နောက် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက်ခ်ဖုန်ခက်ကိုက အခုလိုသဘောထားမှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဟာမြန်မာနဲ့အာဆီယံကြားက တံတားတစ်စင်းဖြစ်ချင်တယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ဒါ့အပြင်အာဏာသိမ်းမှု နောက်ဆက်တွဲ ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ မြန်မာအနေနဲ့ ပြန်လည် တည်ငြိမ် အေးချမ်းမှု ရရှိနိုင်ဖို့အတွက် အာဆီယံက ကာလရှည်ကြာ အဆိုပြုထားတဲ့ အစီအမံတွေကို လိုက်နာဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဦးသန်း​ဆွေဟာ ဦးသိန်းစိန်အစိုးရလက်ထက်၂၀၁၂ ကစပြီး မြန်မာနိုင်ငံဆိုင်ရာ အ​မေရီကန်သံအမတ်အဖြစ်​တာဝန်ထမ်း​ဆောင်ခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမှာနိုင်ငံခြား​ရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ် အဖြစ်တာဝန်ထမ်း​ဆောင်​နေတာဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်​ကောင်စီက ထိုင်း ၊အာဆီယံ ၊အ​မေရီကန်တို့ နဲ့ဆက်ဆံ​ရေးမှာ ဦးသန်း​ဆွေကိုအဓိကတာဝန်​ပေးဖွယ်ရှိတယ်လို့ နိုင်ငံ​ရေး​လေ့လာသူတဦးက People’s Spring ကို​ပြောပါတယ်။

ထိုင်းကမြန်မာကိုကူညီနေသလိုမြန်မာဖက်ကလည်း အာဆီယံရဲ့ စိုးရိမ်မှုတွေအပေါ် အာရုံစိုက် တုံ့ပြန်ပြီး ထိုင်းကို ပြန်ကူညီဖို့ လိုကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှုတွေ စတင်တာမျိုးတွေ၊ ရန်လိုတိုက်ခိုက်မှုတွေကို လျှော့ချတာတွေ၊ အရပ်သားတွေအပေါ် ပစ်မှတ်ထားမှုတွေကို ရပ်တန့်တာမျိုးတွေ မြန်မာဖက်က ပြသလာရမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

အရှေ့တောင်အာရှ ၁၁ နိုင်ငံ ဖွဲ့စည်းထားတဲ့ အာဆီယံမှာ မြန်မာလည်းပါဝင်ပေမယ့် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် အာဆီယံဟာ အဓိကအစည်းအဝေးတွေမှာစစ်တပ်ရဲ့အဆင့်မြင့် ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာတော့စစ်တပ်ဟာ တစ်ဖက်သတ် စီမံချုပ်ကိုင်ထားတဲ့ ရွေးကောက်ပွဲကို အပိုင်းသုံးခုခွဲ ကျင်းပခဲ့ပြီး စစ်တပ်ရဲ့ မဟာမိတ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (USDP)ကအနိုင်ရခဲ့ပါတယ်။ဒါပေမဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ယုံကြည် ထောက်ခံချင်စရာ မရှိဘူးလို့ ကုလသမဂ္ဂ (UN)နဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန်ထားပါတယ်။

ထိုင်းဟာ မြန်မာနဲ့ ကီလိုမီတာ ၂၄၀၀ လောက် ရှည်လျားတဲ့ နယ်စပ်မျိုး ထိစပ်နေသလို အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပျက်ပြောင်းလဲလာတဲ့ မြန်မာ့ပြည်တွင်းရေးမှာ တခြား အာဆီယံ နိုင်ငံတွေထက်ပိုတဲ့ အာရုံစိုက်မှုတွေကို ပြသခဲ့ပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ