Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်က ၆ မြို့နယ် နဲ့ ပလက်၀မှာ ပြင်းထန်ဝမ်း​ရောဂါကာကွယ်​ဆေး​ပေးဖို့ AA စီစဥ်

ပြင်းထန်ဝမ်းရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ခြောက်ခု နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့မှာပြင်းထန်ဝမ်းရောဂါတုန့်ပြန်ကာကွယ်ဆေး(OCV)ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ အိမ်တိုင်ရာ ရောက် တိုက်ကျွေးသွားဖို့ စီစဉ်ထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

(မိုခါမုန်တိုင်းကြောင့်ပျက်စီးခဲ့တဲ့ ရခိုင်စစ်ရှောင်စခန်းတွေရှိအိမ်သာများ။ဓါတ်ပုံ-ဒေသခံ)

နိုဝင်ဘာ-၂၆၊၂၀၂၆။ခိုင်မြတ်/People’s Spring

ပြင်းထန်ဝမ်းရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ခြောက်ခု နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့မှာပြင်းထန်ဝမ်းရောဂါတုန့်ပြန်ကာကွယ်ဆေး(OCV)ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ အိမ်တိုင်ရာ ရောက် တိုက်ကျွေးသွားဖို့ စီစဉ်ထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိအခြေအနေအရ စစ်ဘေးရှောင်တွေနဲ့အတူ ရွှေ့ပြောင်းနေထိုင်သူများတာ၊ ရေကောင်းရေသန့်ရရှိမှုရှားပါးတာ၊အိမ်သာသုံးစွဲမှုနည်းပါးတာတို့ကြောင့် ပြင်းထန်ဝမ်းရောဂါဖြစ်နိုင်ခြေမြင့်နေတဲ့ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊ ပေါက်တော(ဝီရဌာနီ)၊ အမ်းနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့မှာ ကာ ကွယ်ဆေးတိုက်ကျွေးမှာဖြစ်ပါတယ်။

“ဆေးတွေကတော့ မှာထားပြီကြားပါတယ်။ အဲဒါကိုပေးဖို့ဒေသအခြေအနေတွေ၊ ဝန်ထမ်းအင်အားတွေနဲ့ စီစဉ်နေတာပါ။ မကြာခင်တော့ စပေးတော့မှာပါ” လို့ ကျန်းမာရေးဌာန ဝန်ထမ်းတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အသက်တနှစ်နဲ့အထက်ကလေးတွေနဲ့ လူကြီးတွေအားလုံးကို ကာကွယ်ဆေးတိုက်ကျွေးမှာဖြစ်တယ်လို့ AA ကျန်း မာရေးဌာန ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ကနဦးအနေနဲ့ မြို့နယ် ခုနစ်ခုမှာ တိုက်ကျွေးမှာဖြစ်ပြီး ကျန်မြို့ နယ်တွေကိုတော့ဘယ်အချိန်မှာကာကွယ်ဆေးပေးမယ်ဆိုတာနဲ့ပက်သက်လို့တော့မ ထုတ်ပြန်​သေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကနေ အခု ၂၀၂၆ ခုနှစ်အတွင်း အာရက္ခဒေသရှိ မြို့နယ်အချို့မှာ ပြင်းထန်ဝမ်းရောဂါဖြစ်ပွားမှုကြောင့်လူနာတွေထဲက အချို့ဟာ အသက်သေဆုံးခဲ့ကြရတာကြောင့် အခုလို ကာကွယ်ဆေးတိုက် ကျွေးဖို စီစဉ်ရတာလို့ သိရပါတယ်။အဲဒီလိုဝမ်းရောဂါဖြစ်ပွားမှုကြောင့် ကျန်းမာရေးဌာနက ဦးဆောင်ပြီး ဒေသတွင်း လူမှုအဖွဲ့အစည်းတွေ၊စေတနာ့ဝန်ထမ်းတွေ၊လူနာတွေကို ဆေး

ကုသပေးတာ၊ အသိပညာပေးတာ၊ သောက်သုံးရေတွေကို ကလိုရင်းခတ်တာ၊ တကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းတွေ ဖြန့်ဝေတာတွေ မရပ်မနားဆက်တိုက်လုပ်ခဲ့တယ်လို့ လည်း ကျန်းမာရေးဌာနကဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဝမ်းရောဂါဖြစ်ပွားတာဟာ စစ်ဘေးရှောင်စခန်းတွေမှာလူဦးရေထူထပ်စွာ နေထိုင်ရတာ၊ သန့်ရှင်းမှုအားနည်းတာတို့ကြောင့်ဖြစ်တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးလုပ်နေသူတွေက ပြောပါတယ်။

“စစ်ရှောင်စခန်းတွေမှာ ပိုအဖြစ်များပါတယ်။ အဓိကတော့ အိမ်သာကြောင့်ဖြစ်တယ်။ နောက် တချို့ရွာတွေမှာဆိုရင် ယင်လုံအိမ်သာမရှိဘူး။ ဖွံဖြိုးမှုနောက်ကျတာ၊ ဆင်းရဲတာနဲ့ ဆိုင်တယ်။ဒါတွေကတော့အစိုးရအနေနဲ့ရော NGO တွေရော ပူးပေါင်းပြီး အများကြီး လုပ်ကြရမှာ” လို့ မောင်တောမြို့နယ်မှ လူမှုကူညီရေးလုပ်နေတဲ့လူငယ်တဦးကပြောပါတယ်။

ပြင်းထန်ဝမ်းရောဂါလက္ခဏာတွေဟာ ပြင်းထန်ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ ခြေထောက်ကြွက်တက်ခြင်း၊ အားအင်ကုန်ခမ်းခြင်းတို့ဖြစ်ပြီးပြင်းထန်ဝမ်းသွားခြင်းကြောင့် ရေဓါတ်ခမ်းခြောက်မှုကိုဖြစ်စေနိုင်ပြီးအမြန်မကုသနိုင်ရင် အားနည်းခြင်းနဲ့ သေဆုံးတဲ့ထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပြင်းထန်ဝမ်းရောဂါကာကွယ်တုန့်ပြန်ကာကွယ်ဆေး(OCV)ဟာ ဝမ်းရောဂါမှ ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေး ဖြစ်ပြီး ဘေးကင်းစိတ်ချရတဲ့ ဝမ်းရောဂါနဲ့သေဆုံးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ သူတို့ရဲ့ ကလေး၊ မိသားစုဝင်တွေအပေါ် ကာကွယ်ဆေးတိုက်ကျွေးတာကို ကြည်ဖြူစွာခံယူကြဖို့၊ ရေ၊ လက်၊ အစာ၊ အိမ်သာ၊ ပတ်ဝန်းကျင်တို့ကို သန့်သန့်ရှင်းရှင်း သုံးစွဲကြဖို့ AA ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

အာရက္ခတပ်တော်(AA)ရဲ့ကျန်းမာရေးဌာနက ရခိုင်ပြည်နယ်အတွင်းက အသက်ငါးနှစ်အောက် ကလေးငယ် ရှစ် သောင်းဝန်းကျင်ကိုလည်း ဝက်သက်ရောဂါကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးအချို့ ထိုးနှံပေးနေတယ်လို့ ဌာ နတာ ဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောထားပါတယ်။

ကလေးတွေကို ပြင်းထန်အဆုပ်ရောင်ရောဂါ၊ ပိုလီယိုရောဂါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်၊ အသားဝါ၊ ဦးနှောက်အမြှေးပါးရောင်ရောဂါ၊ တီဘီရောဂါ စတဲ့ကာကွယ်ဆေးတွေ ထိုးပေးနေပြီး ကိုယ်ဝန်ဆောင်တွေကိုတော့ မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးတို့ ထိုးပေးနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အသက်ငါးနှစ်အောက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ မထိုးမဖြစ်ထိုး ကြရမယ့် ကာကွယ်ဆေးတွေကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပုံမှန်မထိုးခဲ့ကြရဘဲ နှစ်ဖက် တိုက်ပွဲတွေဖြစ်နေချိန် ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာတော့ လုံး၀မထိုးခဲ့ကြရပါဘူး။

ဒါပေမယ့် AA က မြို့တွေသိမ်းပိုက်၊ ထိန်းချုပ်ပြီးချိန် ၂၀၂၅ ခုနှစ်မှာတော့ AA ကျန်းမာရေးဌာနဟာ ကလေးနဲ့ ကိုယ် ဝန်ဆောင်တွေအတွက် ကာကွယ်ဆေးတွေစတင်ထိုးနှံပေးခဲ့ပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်း ပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေအပြင် ကျန်းမာရေး၊ ပညာရေး၊ စည်ပင်သာယာရေးစတဲ့ ဝန်ဆောင် မှုလုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်ကိုင်လာနေတာဖြစ်ပါတယ်။

လက်ရှိမှာ ရခိုင်မှာ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်နဲ့ ဆေးဝါး၊ ပစ္စည်းကိရိယာတွေ လိုအပ်ချက်ရှိနေသေးပြီး ရှိတဲ့ အရင်းအမြစ်နဲ့ လည်ပတ်နေရတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက ပြောထားကြပါတယ်။ ကျန်းမာရေးဝန်ထမ်းအင်အားဖြည့်တင်းဖို့အတွက် သူနာပြု၊ သားဖွားသင်တန်းဖွင့်လှစ်ထားပြီး ဆေးသိပ္ပံကျောင်းဖွင့်လှစ်ဖို့ လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ