Connect with us

Hi, what are you looking for?

သတင်း

ဇနီးကိုသတ်ပြီးအလောင်းကိုအပိုင်းပိုင်းဖြတ်တောက်စွန့်ပစ်တဲ့မြန်မာအမျိုးသားကိုထိုင်းရဲဖမ်းဆီး

ဇနီးဖြစ်သူကို သတ်ဖြတ်၊ အလောင်းကို အပိုင်းပိုင်း ဖြတ်တောက်ပြီး စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရသူ မြန်မာ အမျိုးသား တစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ပါတယ်။

ဓာတ်ပုံ - Bangkok Post

နိုဝင်ဘာ – ၂၆ ၊၂၀၂၆

ဇနီးဖြစ်သူကို သတ်ဖြတ်၊ အလောင်းကို အပိုင်းပိုင်း ဖြတ်တောက်ပြီး စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရသူ မြန်မာ အမျိုးသား တစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ပါတယ်။

အဲဒီ အမျိုးသားဟာ နိုဝင်ဘာ ၁၈ ရက်က လူသတ်မှု ကျူးလွန်ပြီးတဲ့နောက် ဘန်ကောက်ကနေ ဆမွတ်ဆခွန်ကို ထွက်ပြေးသွားပေမယ့် ရက်ပိုင်းအကြာမှာ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဗညားစိုးလှိုင်ဟာ အသတ်ခံထားရတဲ့ ဇနီးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အိတ်တွေထဲ ထည့်ပြီး ဘန်ကောက် နောက်ဖေးလမ်းကြား အမှိုက်ပုံ တစ်ခုမှာ စွန့်ပစ်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

သူ့ကို ဆမွတ်ဆခွန်ရဲ့ ခရန်သမ်ဘန်း မြို့နယ်ထဲမှာ နိုဝင်ဘာ ၂၃ ရက်နေ့ ညပိုင်းတုန်းက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ သံသယ တရားခံဟာ မြန်မာနိုင်ငံသူ ဇနီးသည်ကို သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှုအတွက် အလိုရှိနေသူလို့ ဘန်ကောက် ရဲတပ်ဖွဲ့ အကြီးအကဲ ဆိုင်ယမ် ဘွန်ဆွမ်က ပြောပါတယ်။

သူဟာ ဇနီးကို သတ်ပစ်ပြီးတဲ့နောက် ရုပ်အလောင်းကို ခုတ်ထစ် ဖြတ်တောက်ပြီး အစိတ်အပိုင်းတွေကို အိတ်တွေထဲထည့်ပြီး ဘန်ကောက်ရဲ့ ဘန်ကာပီ အရပ်က အမှိုက်ပုံမှာ စွန့်ပစ်ခဲ့တာပါ။ အလောင်းကို ရှာတွေ့ပြီးတဲ့နောက် ရဲတွေဟာ မီတာ ၂၀ အကွာက တိုက်ခန်း တစ်ခုရဲ့ တတိယထပ်ကို ဝင်ရောက် ရှာဖွေခဲ့ပါတယ်။ အဲဒီအခါ ရေချိုးခန်းထဲမှာ သွေးစီးကြောင်းတွေကို တွေ့ရှိခဲ့ပါတယ်။

ရဲတွေက လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ပြန်လည် စစ်ဆေးတဲ့အခါ ဗညားစိုးလှိုင်ဟာ နိုဝင်ဘာ ၁၈ ရက်နေ့တုန်းက အိတ်တွေကို တစ်လုံးပြီးတစ်လုံး ယူထုတ်ပြီး အခန်းထဲက ထွက်သွားတာကို တွေ့ရှိခဲ့ပါတယ်။ နောက်တော့ အလောင်း အစိတ်အပိုင်းတွေကို ရှာတွေ့သွားပြီးတဲ့နောက် နိုဝင်ဘာ ၂၂ ရက်နေ့မှာ သူဟာ အထုပ်အပိုးတွေယူပြီး ထွက်ခွာသွားခဲ့တာကိုလည်း စစ်ဆေး အတည်ပြုနိုင်ခဲ့ပါတယ်။

အဓိက သံသယရှိသူကို ရှာတွေ့ခဲ့တဲ့နောက် ရဲတွေက ဗညားစိုးလှိုင်ရဲ့ ခရီးသွားလာမှုတွေကို ခြေရာခံ ရှာဖွေခဲ့ပါတယ်။ နောက်တော့ ခရန်သမ်ဘန်း မြို့နယ်ထဲက အွမ်နွိုင် ဧရိယာမှာ ပုန်းခိုနေတာကို ရှာတွေ့ပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ရှာတွေ့ထားတဲ့ အလောင်းမှာ ညာဖက်လက်နဲ့ ကိုယ်တွင်း ကလီစာတချို့ ပျောက်ဆုံးနေပြီးအဲဒါတွေကိုလည်းစုံထောက်အရာရှိတွေက အပူတပြင်း လိုက်ရှာနေပါတယ်။

ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်တဲ့ တိုက်ခန်းဆီ သံသယ တရားခံဖြစ်သူကို ခေါ်ဆောင်သွားပြီး မှုခင်းနဲ့ ပတ်သက်လို့ ပြန်လည် သရုပ်ပြစေဖို့လည်း စီစဉ်နေပါတယ်။ ဒါပေမဲ့ သံသယ တရားခံ အနေနဲ့ ဒီကိစ္စမှာ ပါဝင်ဖို့ ငြင်းဆိုပိုင်ခွင့် ရှိတယ်လို့လည်း ရဲတွေက ပြောကြားခဲ့ပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ