Connect with us

Hi, what are you looking for?

သတင်း

ပဲခူးမြို့မီးပုံးပျံပွဲ လူနေရပ်ကွက်အတွင်းကျပြီး မီးလောင်

ပဲခူးမြို့မှာ တန်ဆောင်တိုင်မီးပုံးပွဲတော်က မီးပုံးတွေ လူနေရပ်ကွက်တွေအတွင်းပြုတ်ကျ​ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Screenshot

နိုဝင်ဘာ ၂၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

ပဲခူးမြို့မှာ တန်ဆောင်တိုင်မီးပုံးပွဲတော်က မီးပုံးတွေ လူနေရပ်ကွက်တွေအတွင်းပြုတ်ကျ​ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မနေ့က နိုဝင်ဘာ ၂၅ ရက် တန်​ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့ညက ပဲခူးမြို့မှာ ကျင်းပနေတဲ့ တန်ဆောင်တိုင် မီးပုံးပွဲက မီးပုံးပျံတွေဟာ လူနေရပ်ကွက်တွေအတွင်း ကျပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပထမတစ်လုံးကတော့ ပဲခူးမြို့လယ်၊ နာရီစင်ဘေးနားက လောကနတ်လက်ဖက်ရည်ဆိုင်ပေါ်ကျကာ မီးလောင်ကျွမ်းမှူ ဖြစ်ပွားခဲ့ပြီး ပြည်သူတွေ အမြန်ငြှိမ်းသတ်နိုင်လို့ ကြီးကြီးမားမားဆုံးရှုံးမှုမရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ နောက်ထပ်တစ်လုံးကလည်း ညသန်းခေါင်မှာ အခြားလူနေရပ်ကွက်တစ်ခုထဲ ထပ်မံကျရောက်ကာ မီးလောင်ခဲ့ပြီး အမြန်ငြှိမ်းသတ်လိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

“အိပ်နေတဲ့အချိန် လေသံကြီးတဝေါဝေါနဲ့ လေတိုက်တယ်ပဲထင်တာ။ အိမ်နောက်ဖေးမှာ လောင်နေပြီမီးက။ ရေတွေအသည်းအသန်ဝိုင်းပတ်ကြလို့ ငြိမ်းသွားတာ”လို့ လူမှုကွန်ရက်မှာ ရုပ်သံနဲ့တကွတင်ထားသူက ရှင်းပြထားပါတယ်။

ယခုနှစ် သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလမှာ မီးပုံးပျံပွဲတွေ ယခင်နှစ်တွေကထက် ပိုမိုများပြားလာပြီး မီးပုံးပျံ ပျက်ကျလို့ မီးလောင်ကျွမ်းမှူတွေလည်း ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ