Connect with us

Hi, what are you looking for?

သတင်း

ရတနာပုံမြို့သစ်စီမံကိန်းစဖို့ စစ်ခေါင်းဆောင် ပြင်ဆင်၊ ပြင်ဦးလွင်လမ်းပိုင်း လုံခြုံရေးတင်းကြပ်ထား

ပြင်ဦးလွင်မြို့၊ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ပြန်စဖို့ ဖွင့်ပွဲကို စစ်ခေါင်းဆောင်မင်း အောင်လှိုင် တက်မှာဖြစ်ပြီး လမ်းပိုင်းလုံခြုံရေးတွေတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(၂၀၂၅ ဒီဇင်ဘာက စစ်ခေါင်းဆောင် ပြင်ဦးလွင်မြို့ကို သွားရောက်စဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

ဖေဖော်ဝါရီ-၂၀၊၂၀၂၆၊ရှိန်း/ People’s Spring

ပြင်ဦးလွင်မြို့၊ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ပြန်စဖို့ ဖွင့်ပွဲကို စစ်ခေါင်းဆောင်မင်း အောင်လှိုင် တက်မှာဖြစ်ပြီး လမ်းပိုင်းလုံခြုံရေးတွေတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၂ရက်မှာ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပြီး ပြင်ဦးလွင်မြို့နယ်၊ပြင်စာနဲ့ သုံးတောင်ကျေးရွာတွေမှာ ဆက်သွယ်ရေး ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင်တွေ ကြိုရောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ကတည်းကကြိုရောက် နေကြပြီ။လူတော်တော်များတယ်။မအလ ကိုယ်တိုင်တက်မှာ။အခု လမ်းတွေအကုန်သန့်ရှင်းရေး လုပ်နေကြပြီ”လို့ ‌‌‌‌‌‌‌ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စာပေ၂က စစ်တပ်အရာရှိဗိုလ်ကြီးတွေကိုလည်း အနီးစခန်းလေဆိပ်ကို ပို့ကာလုံခြုံရေး အင်အားချထားသလို လမ်းကြောတလျောက်လည်း လုံခြုံရေး တင်းကြပ်ထားတယ်လို့ သိရပါတယ်။

” ဒီရက်ပိုင်း မေမြို့တက်မယ့်သူ တွေသတိထားစေချင်တယ်။ဂိတ်တွေမှာပါ လူငယ်တွေဆိုရင် မှတ်ပုံတင်နံပါတ်ကို PSMSနည်းပညာနဲ့ စစ်တယ်။မြို့ထဲက ဟိုတယ် တွေလည်း မှတ်ပုံတင် တွေနဲ့ ဆက်တိုက် တိုက်စစ် နေတယ်”လို့ ပြင်ဦးလွင်မြို့ခံတဦးကလည်း ပြောပါတယ်။

ဒီစီမံကိန်းကို ပြန်စဖို့အတွက်၂၀၂၅ ဒီဇင်ဘာ ၆ရက်မှာ စစ်ခေါင်းဆောင်သွားကြည့်ခဲ့ပြီး AIနဲ့ပတ်သက်တဲ့နည်းပညာတွေ လုပ်မယ်ဆိုပြီး ပြန်လည် စတင်ခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက အသစ်ဖွင့်တဲ့ လမ်းဘေးဆိုင်တွေကို ပိုက်ဆံမပေးဘဲ အလကားဝင်စားနေလို့ အခက်တွေ့နေတယ်လို့ စျေးသည်တွေက ပြောပါတယ်။

သတင်း

စစ်တပ်လုံခြုံ​ရေးမြှင့်ထားချိန်ဖြစ်၍ ဓါးပြတိုက်သူ​တွေကစစ်အုပ်စုနဲ့ ဆက်စပ်နိုင်ဟု​ဒေသခံအချို့သံသယရှိ​နေ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက မြို့နဲ့ လေးမိုင်လောက်ပဲကွာဝေးတဲ့ ကျောက်ကြမ်းကျေးရွာနားကို ရောက်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် မန္တလေး−မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်ကအုမ္မသီး နဲ့ ရေမောင်းတန်းကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီကနေ့(ဇွန်လ ၁၇ရက်)နံနက်မှာ သတင်းထုတ်ပြန်ပါတယ်။