Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ စစ်တပ်ဂိတ်အနီး အမျိုးသမီးတစ်ဦးသေဆုံးနေ၊ တစ်ရက်ကြာမှ အလောင်းလာကောက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ဂိတ်အနီးမှာ မိန်းကလေးတစ်ဦး သေဆုံးနေပြီး တစ်ရက်ကြာမှ အလောင်းလာကောက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ဂိတ်အနီးမှာ မိန်းကလေးတစ်ဦး သေဆုံးနေပြီး တစ်ရက်ကြာမှ အလောင်းလာကောက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၀ရက် ညနေ ၆နာရီခန့်က မုံရွာမြို့၊ မြို့ရှောင်လမ်းအရှေ့ဘက်၊ စစ်တပ် တပ်စွဲရာ ကံသာဘုန်းကြီးကျောင်းနဲ့ အနီးမှာ အသက်(၂၀)ဝန်းကျင် မိန်းကလေးတစ်ဦး ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေခဲ့တာဖြစ်ကြောင်း ဒေသခံတွေနဲ့ ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ပြည်သူတွေက စစ်သားတွေဆီ အကြောင်းကြားခဲ့ပေမဲ့ အလောင်းသယ်ဆောင်ပေးခြင်းမရှိဘဲ ဒီကနေ့ဖေဖော်ဝါရီ ၂၁ရက်မှသာ အလောင်းလာကောက်သွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဒီကနေ့ ညနေ ၃ နာရီလောက်က လာကောက်သွားပြီ ပြောတယ်”လို့ အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ လုံချည်ခရမ်းရောင်၊ ဆံပင်ကုတ်ဝဲနဲ့ဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးပါဘူး။

မုံရွာမြို့ပေါ်မှာ မကြာခဏ ဓါးပြတိုက် လုယက်မှုတွေအဖြစ်များနေပြီး စစ်ကောင်စီတပ်ကလည်း ဖမ်းဆီးအရေးယူခြင်း မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။