Connect with us

Hi, what are you looking for?

သတင်း

ထိန်းချုပ်နယ်မြေက စစ်ပွဲမဖြစ်တဲ့နေရာတွေကို စစ်ကောင်စီ ဗုံးကြဲနေဟု KIA ပြော

စစ်ကောင်စီက စစ်ပွဲဖြစ်ပွားမှုမရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၂၂ရက်မနက်မှာ ဖော်ပြပါတယ်။

(ဖေဖော်ဝါရီ ၁၈ရက်က KIAတပ်မဟာ(၈)နယ် မြေကို စစ်တပ်လေကြောင်းဗုံးကြဲခဲ့တဲ့ မြင်ကွင်း။ ဓာတ်ပုံ − The Kachin Net)

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကောင်စီက စစ်ပွဲဖြစ်ပွားမှုမရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၂၂ရက်မနက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီက KIA တပ်မဟာ(၉) အနန့်ပါဒေသကို ဖေဖော်ဝါရီ ၂၁ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံး ၅ကြိမ် ကြဲချခဲ့သလို တပ်မဟာ(၈) ဒေသကိုလည်း လေယာဉ်နဲ့ ဗုံး ၂ကြိမ်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တပ်မဟာ(၈)နယ်မြေကို ဖေဖော်ဝါရီ ၁၈ရက်က စစ်တပ်က လေယာဉ်နဲ့ ဗုံး ၂ကြိမ်ကြဲချခဲ့ပြီး အဲဒီတုန်းက ပြည်သူ ၂ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။

KIA တပ်ရင်း(၁၁)နယ်မြေကိုလည်း စစ်တပ်က လေကြောင်းဗုံးကြဲခဲ့သလို KIA တပ်မဟာ(၃)ဒေသ အင်ပါဘာဘက်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

လိုင်ဇာမြို့အနီးကိုလည်း ဖေဖော်ဝါရီ ၂၀ရက်ညက ဒရုန်းနဲ့ ဗုံးကြဲခဲ့သလို အဲဒီနေ့မှာပဲ မြစ်ကြီးနား မပခ စစ်တိုင်းက လက်နက်ကြီးပစ်ခတ်လို့ စီတာပူရပ်ကွက်က နေအိမ် ၅လုံး ပျက်စီးကာ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးက အသိပေးပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၁ရက်မှာ စစ်တပ်က KIAထိန်းချုပ်နယ်မြေက နေရာ ၅ခုထက်မနည်းကို လေကြောင်းဗုံးကြဲခဲ့တာလို့ ကချင်စစ်ရေး သတင်းမြစ်အချို့က အသိပေးပါတယ်။

“အထိအခိုက်တော့ နည်းနည်းရှိတယ်။ဆဒုံးမြိုမှာ ၂ကြိမ်၊ မံဝန်းကြီးဘက်၂ကြိမ်၊ နမ္မတီး တပ်ရင်း(၁၁) ဘက် တကြိမ်”လို စစ်ရေးသတင်းရင်းမြစ်က မနေ့က လေကြောင်းဗုံးကြဲခံရမှုကို ပြောပါတယ်။

KIA သတင်းရင်းမြစ်တစ်ဦးကလည်း KIA တပ်မဟာ(၉) နယ်မြေ၊ တပ်မဟာ(၈) ထိန်းချုပ်နယ်မြေ တနေရာ၊ တပ်မဟာ(၂) ထိန်းချုပ်နယ်မြေ တနေရာ၊ တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ တနေရာနဲ့ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ တနေရာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို အတည်ပြုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ဒေသတွင်း စစ်ရေးအခြေအနေတွေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်