Connect with us

Hi, what are you looking for?

သတင်း

နွားထ်ိုးကြီးနယ်က ရွာတွေ စစ်ကြောင်းထိုးခံရ

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့ရဲ့ အရှေ့မြောက်ခြမ်းက ကျေးရွာတွေကို အင်အား ၃၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် က ဖေဖော်ဝါရီလ ဒုတိယပတ်ကစတင်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖေဖော်ဝါရီ – ၂၄ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့ရဲ့ အရှေ့မြောက်ခြမ်းက ကျေးရွာတွေကို အင်အား ၃၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် က ဖေဖော်ဝါရီလ ဒုတိယပတ်ကစတင်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲဒီကျေးရွာတွေကို နွားထိုးကြီး မြို့ဘက် နဲ့ မြို့သာမြို့ဘက်ခြမ်းကနေ နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးတာပါ။

“ မရှောင်ရတဲ့ ရွာဆိုတာ မရှိသလောက် အကုန်ရှောင်ရတဲ့သဘောဖြစ်ကုန်ပြီ”လို့ နွားထိုးကြီးမြို့နယ်ထဲမှာ စစ်ရှောင်အရေး ကူညီစောင့်ရှောက်ပေးနေသူအမျိုးသားက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နွားထိုးကြီး အရှေ့မြောက်ခြမ်းက ဆူးဖြူကုန်း၊ ငှက်ပျောအိုင်၊ ဝက်လူး၊ ပဲချက်၊မြဝတီ၊ရွာသစ်ကုန်း၊ ရေလည်၊ နဘဲမြစ်၊မကျည်းကုန်း၊ ကျွန်းဒေါင့်စတဲ့ကျေးရွာတွေကပြည်သူတွေ ဘေးလွတ်ရာကိုတိမ်းရှောင်နေရတာလို့ အသိပေးပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာလည်းပြီးခဲ့တဲ့ ရက်ပိုင်းက နွားထိုးမြို့နယ် ၊ပဲခင်းကြီးကျေးရွာအနီးက PDF တွေ တည်ဆောက်ထားတဲ့ မြေအောက်ဆေးရုံ ကို မိုင်းခွဲ ဖျက်ဆီးလိုက်တယ်လို့ ဝါဒဖြန့်ဝေထားပါတယ်။

ဒါအပြင် မြင်းခြံမြို့နယ်ရဲ့ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာတွေဘက်မှာလည်း ဇန်နဝါရီလလယ်ပိုင်းကစပြီးရေကြောင်းကနေ ရောက်လာတဲ့ အင်အား ၅၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေပါတယ်။

အဲဒီစစ်ကြောင်းကလည်း မြင်းခြံမြို့နယ်ထဲက နတ်ညွှန်း၊ ပြည်တော်သာ ၊ပတ္တာ၊ စာပို့၊ ဒါးကျွန်း၊ တန်ဆောင်းစတဲ့ ကျေးရွာတွေကို ဝင်ရောက်ပြီး မီးရှို့သွားတာလို့ သိရပါတယ်။

ဒါကြောင့် ဒေသခံတွေဟာ ဧရာဝတီမြစ်အနောက်ဘက်ကမ်း ရေစကြိုမြို့နယ်ဘက်ဆီ ထွက်ပြေးနေရတယ်လို့ မြင်းခြံနယ်ခံတစ်ဦးက ပြောပါတယ်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာတည်ရှိပြီး ဖိုခနောင့်သဖွယ် ဖွဲ့စည်းထားတဲ့ မန္တလေးတိုင်းထဲက နွားထိုးကြီး ၊မြင်းခြံနဲ့ တောင်သာမြို့နယ်တွေဟာအာဏာသိမ်းစစ်ကောင်စီတပ်ကိုလက်နက်စွဲကိုင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ ပြီးခဲ့တဲ့နှစ် မေလအတွင်း နွားထိုးကြီး ၊ မြင်းခြံ ၊တောင်သာ နဲ့ ငါန်းဇွန်မြို့နယ်တွေထဲက စစ်ကောင်စီတပ်စခန်းတွေကို အထူးစစ်ဆင်ရေးအဖြစ် တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ် အငိုက်မိပြီးအထိနာခဲ့ဖူးပါတယ်။

ဓာတ်ပုံ – Google Earth

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook