Connect with us

Hi, what are you looking for?

သတင်း

တရုတ်နယ်စပ်အပါအဝင် ထိန်းချုပ်နယ်မြေတွေကို စစ်တပ်လေကြောင်း အကြိမ်ကြိမ်တိုက်ခိုက်ဟု KIA ပြော

မြန်မာ-တရုတ်နယ်စပ် ချီဖွေဒေသအပါအဝင် အာဏာသိမ်းစစ်တပ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်နယ်မြေတွေကို လေကြောင်း တိုက်ခိုက်မှုအကြိမ်ကြိမ် ပြုလုပ်ခဲ့လို့ အရပ်သား ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

(အလော့ဘွမ်ဒေသ သီရိမင်္ဂလာသုခကျောင်းတိုက်ကို စစ်တပ်လေကြောင်းတိုက်ခိုက်အပြီးမြင်ကွင်း။ ဓာတ်ပုံ - The Kachin Net)

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

မြန်မာ-တရုတ်နယ်စပ် ချီဖွေဒေသအပါအဝင် အာဏာသိမ်းစစ်တပ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်နယ်မြေတွေကို လေကြောင်း တိုက်ခိုက်မှုအကြိမ်ကြိမ် ပြုလုပ်ခဲ့လို့ အရပ်သား ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၅ရက်ညပိုင်းသတင်းဖော်ပြချက်မှာ ဖေဖော်ဝါရီ ၂၃ရက်မှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ကို အသိပေးခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၃ရက်မှာ လဂျားယန်ကျေးရွာ၊မြို့သစ်၊ တခေါ်ခ ကျေးရွာဘက်၊ ဝိုင်းမော်ဒေသ ဝါးရှောင် KBC ဘုရားကျောင်းဝန်းနဲ့ ချီဖွေသွားလမ်း ၁၃မိုင်ဘေးရှိ ရာဘာခြံဘက်မှာ လေယာဉ်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။ ရာဘာခြံ ဗုံးကြဲခံရလို့ ရာဘာခြံလုပ်သား ၆ဦး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အလော့ဘွမ်ဒေသမှာလည်း သီရိမင်္ဂလာ သုခကျောင်းတိုက်မှာ လေကြောင်းဗုံးကြဲခံရလို့ ထိခိုက် ဒဏ်ရာရသူတွေရှိခဲ့ကြောင်း အသိပေးပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီဟာ တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်ဒေသ ဘွမ်ကထောင်ဘက်မှာ ဗုံးကြဲခဲ့လို့ သက်ကြီး အမျိုးသား ၁ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂၁ရက်ကလည်း KIA ထိန်းချုပ်နယ်မြေ အင်ဘာပါ ကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။

KIO/KIA ထိန်းချုပ်နယ်မြေတွေကို စစ်တပ်က လေကြောင်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေလို့ ဒေသ တာဝန်ရှိသူတွေက ပြည်သူတွေ လေကြောင်းရန် သတိပြုဖို့ အသိပေးကြေညာထားကြောင်းလည်း KIAက သတင်းဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၀ရက်နောက်ပိုင်း KIO ထိန်းချုပ်နယ်မြေတွေကို လေကြောင်း ဗုံးကြဲရာမှာ စစ်ဘက် တပ်စခန်းတွေထက် အရပ်သားပြည်သူ နေထိုင်ရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပြထားပြီး ပြည်သူတွေ လေကြောင်းရန် သတိပြုဖို့ နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

Facebook