Connect with us

Hi, what are you looking for?

သတင်း

တကောင်းမြို့ကိုစစ်တပ်ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေ

(တ​ကောင်းမြို့ကို PDF နဲ့ပကဖ ​တွေက ၂၀၂၄ သြဂုတ်လမှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့စဥ်။ ဓါတ်ပုံ-PDF)

ဖေဖော်ဝါရီ-၂၇၊၂၀၂‌‌၆၊ရှိန်း/ People Spring’s

​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထားတဲ့ တကောင်းမြို့ကို အာဏာသိမ်းစစ်တပ်ကပြန်ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။

၁၀၂‌‌၇ စစ်ဆင်ရေးပြီးကတည်းက တပ်မတော် တန်းမြှင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၁‌၃)ကနေ တွင်းငယ်ရွာအထိကို ပြန် ထိန်းချုပ်ဖို့ နှစ်ချီကြာခဲ့တဲ့ စစ်တပ်ဟာ ဒီတကြိမ်မှာလည်း ရှေ့တိုးဖို့ သိပ်မလွယ်မှန်းကြိုသိခဲ့ပုံပါ။

မန္တလေး ၊ပြင်ဦးလွင်မြို့ဘက်ကနေ နောင်ချိုတိုက်ပွဲပြန်တပ်တွေပါ တပ်အပြောင်းအလဲများစွာလုပ်ပြီး တ​ကောင်းမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ တန်ပြန်ထိုးစစ်ကိုအစဖော်လာတာပါ။

Public Service Announcement

Public Service Announcement

ရှေ့တန်းတိုက်ပွဲဝင်ရဲဘော်တွေရဲ့ ပြောကြားချက်အရ တင့်ကား ၆ စီးနဲ့ AIနည်းပညာမြင့် ဒရုန်းတွေကိုသုံးပြီး ဖေဖော်ဝါရီ ၆ရက်က စစ်ကြောင်း စထိုးလာတာလို့ သိရပါတယ်။

မန္တ​လေးတိုင်းမှာ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထားတာ တစ်မြို့တည်းကျန်တဲ့တကောင်းမြိုကို စစ်တပ်ပြန်လည် ထိန်းချုပ်နိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်လာမယ်ဆိုတာကို တော်လှန်ရေးတပ်တွေလည်း ကြိုတင်တွက်ဆထားခဲ့ပါတယ်။​

တော်လှန်​ရေးတပ်​တွေက မန္တ​လေးတိုင်းက စဥ့်ကူးမြို့၊သပိတ်ကျင်းမြို့ နဲ့ မိုးကုတ်မြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့​ပေမယ့် ၂၀၂၅ မှာ စစ်တပ် တန်ပြန်ထိုးစစ်​ကြောင့် သပိတ်ကျဥ်းနဲ့ စဥ့်ကူးမြို့​တွေကိုလက်လွှတ်ခဲ့ရပါတယ် ။တ​ကောင်းမြို့ကို ​NUG လက်​အောက်ခံ PDF ၊ပကဖ တပ်ဖွဲ့​တွေက ၂၀၂၄ သြဂုတ်လမှာ အပြီးသတ်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ။

မိုးကုတ်မြို့ကို လည်း အဓိက ဦး​ဆောင်တိုက်ခဲ့တဲ့ TNLA က တရုတ် ကြားဝင်မှုနဲ့ စစ်တပ်နဲ့အပစ်ရပ်​ဆွေး​နွေးပြီး ကျည်တချက်မ​ဖောက်ရပဲ စစ်တပ်ကို မြို့ပြန်လွှဲ​ပေးခဲ့ရတာဖြစ်ပါတယ် ။ ဒါ​ကြောင့်​တ​ကောင်းတိုက်ပွဲဟာ ​တော်လှန်​ရေးတပ်အတွက်​ရော၊အာဏာသိမ်းစစ်တပ်အတွက်ပါ အ​ရေးကြီး​နေပါတယ် ။

“ အဓိကကတော့ စစ်ကောင်စီဘက်က တတက (၁၃)ဘက်က ပါလာတဲ့ တင့်ကားတွေကို လမ်းမလျှောက်နိုင်အောင်ဖြတ်တောင်ထားနိုင်ခဲ့တယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။

စစ်တပ်ဘက်က ဒရုန်းအစီးရေ ၁၀ စီး လောက်သုံးပြီး ၃စီးတက် ၅စီးပြန်ဆင်းပုံစံမျိုးနဲ့ ဆက်တိုက်ထိုးစစ်ဆင်လာတာလို့ နောက်ထပ် တော်လှန်ရေး ရဲဘော်တစ်ဦးက လည်းပြောပါတယ်။

ဒီလိုတွေ ဆက်တိုက်တိုးနေပေမယ့် မြေပြင်စစ် ကြောင်းကတော့ ထင်သလောက် တိုးမပေါက်ပဲ တစ်ရက်တစ်ရွာရဖို့ကို စစ်တပ်ဘက်ကအသည်းအသန်ကြိုးစားနေရတယ်လို့ပြောပါတယ်။

ဒါ​ပေမယ့် တိုက်ပွဲအတွင်းမှာ AI ဒရုန်းတွေကြောင့်တော်လှန်ရေးတပ် တွေဘက်မှာ အထိနာသလို စစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်အရာရှိတွေ အပါအဝင် မြေပြင်စစ် ကြောင်းမှာအကျဆုံးတွေလည်းရှိတယ်လို့ ‌‌ သိရပါတယ်။

ပျူစောထီးနဲ့ ပြည်သူ့စစ်အင်အားများစွာသုံးထားတဲ့ စစ်တပ်ဟာ ကျေးရွာတွေကို ဝင်ရောက်စီးနင်းချိန်မှာ ၁၀ဦးကျ ၁၀ဦးတက်ပုံစံနဲ့ အသေခံတက်ခဲ့တယ်လို့လည်း တော်လှန်ရေးတပ် တွေကပြောပါတယ်။

“ စကစဘက်မှာ လူအင်အားက ရှေ့တရွာသိမ်းပြီး နောက်တရွာကို လုံခြုံရေးအတွက် ချမထားနိူင်ခဲ့တာမျိုး ပေါ့။သူတို့မှာလည်းအခက်အခဲ တွေများတယ်။AI နည်းပညာသုံး Dronတွေနဲ့ တောက် လျှောက်တိုးနေလို့သာ ဒီအခြေအနေအထိ ရောက်လာနိုင်တယ် ပြောရမယ် “ လို့ တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က သပိတ်ကျင်းနဲ့ တကောင်းမြို့ကြားက နယ်နမိတ်ကြာညှပ်ကျေးရွာကို ပြန်ထိန်းချုပ်ထားပြီး ကိုးပင်ကျေးရွာကို ရောက်နေတယ်လို့ သိရပါတယ်။

​ဖေ​ဖော်ဝါရီ ၂၇ ရက်ညပိုင်းရရရှိတဲ့သတင်း​တွေအရစစ်တပ်စစ်​ကြောင်း​တွေဟာ တကောင်းမြို့ကိုနဲ့ (၁၄)မိုင် နီးပါးအကွာမှာ ရှိ​နေတာပါတယ်။

တကောင်းမြို့အနီးမှာ တရုတ်ပိုင်နီကယ်စက်ရုံလည်းရှိပြီး စက်ရုံလည်ပတ်မှုကတော့ ရပ်တန့်ထားတယ်လို့ သိရပါတယ်။

“ လုပ်ငန်းမလည်ပတ်တာ တော့ကြာပြီ။ဒါပေမယ့် လက်ကျန်နီကယ်ထုတ်နေတာတွေတော့ရှိတယ်” လို့ ဒေသခံတော်လှန်ရေး သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

တကောင်းမြို့ကို ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း၊၂၀၂၄ခုနှစ် ဩဂုတ်လမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်တွေ သိမ်းယူခဲ့တာပါ။

စစ်တပ်ကသပိတ်ကျင်းမြို့ကို ပြန်သိမ်းပြီးတဲ့ နောက် ရေလမ်းကြောင်းအရလည်း အရေးပါတဲ့ တကောင်းမြို့ ကိုပြန်လည်ရယူဖို့‌‌ကြိုးစားနေတာပါ။

​တော်လှန်​ရေးတပ်​​တွေဘက်ကလည်း တကောင်းမြို့လက်မလွှတ်ရရေးကို NUGရဲ့ မန္တလေးတိုင်းကွပ်ကဲရေးက ကွပ်ကဲပြီး အပြင်းအထန်ပြန်လည်ခုခံနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က တကောင်းမြို့ကို ဦးတည်နေတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ကြောင်းခွဲထိုးနေပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်က တကောင်းမြို့ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ စစ်ရှောင်ပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်။

သတင်း

စစ်​ကောင်စီတပ်​လေ​ကြောင်းပစ်ကူ​ပေးခုခံ​