Connect with us

Hi, what are you looking for?

သတင်း

တကောင်းမြို့လမ်းဆုံနဲ့ (၆)မိုင်အကွာ စစ်တပ် ရောက်လာ၊ လက်နက်ကြီးတွေ ရမ်းသမ်းပစ်နေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က တကောင်းမြို့ကို ဦးတည်နေတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ကြောင်းခွဲထိုးနေပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တကောင်းမြို့အဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ်-၇၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က တကောင်းမြို့ကို ဦးတည်နေတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ကြောင်းခွဲထိုးနေပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တကောင်းလမ်းဆုံနဲ့ (၆)မိုင်အကွာက ရေယာဉ်ကျေးရွာရောက်နေတဲ့ စစ်တပ်ဟာ လမ်းဘေးဘယ်ညာခွဲပြီး တကောင်းမြို့ကို ဦးတည်းစစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

“စစ်ကြောင်းက လမ်းကို ဘယ်ညာခွဲထိုးနေတယ်”လို့ တော်လှန်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အဲဒီစစ်ကြောင်းတွေက တကောင်းမြို့နဲ့ ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်လို့လည်း ပြောပါတယ်။

စစ်တပ်ဟာ ဒရုန်းအများအပြားသုံးကာ ဧရာဝတီမြစ်ကမ်းဘက်ကိုလည်းထွက်မရအောင် ဆိပ်ကမ်းဘက်ကိုလည်း ဆက်တိုက်ဒရုန်းနဲ့ ဗုံးကြဲတာတွေလုပ်နေတယ်လို့ နောက်ထပ် သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းမှာ တော်လှန်ရေးတပ်တွေသိမ်းယူထားတဲ့ တကောင်းမြို့ကို ယခုနှစ် ဖေဖော်ဝါရီ ၆ရက်ကစတင်ကာ စစ်တပ်က ထိုးစစ်ဆင်နေတာပါ။

အဲဒီထိုးစစ်အတွင်း စစ်ဘေးရှောင်ပြည်သူ သောင်းနဲ့ချီ အကူအညီလိုအပ်နေပြီး စစ်တပ်က ဒရုန်းဗုံးကြောင့် ပြည်သူသေဆုံးမှု တွေလည်းရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook