Connect with us

Hi, what are you looking for?

သတင်း

၂၀၂၀ ရွေးကောက်ပွဲရလဒ်တရားဝင်တည်ရှိမှု နဲ့ လွှတ်တော်တွေခေါ်ယူကျင်းပဖို့ NLD ဆုံးဖြတ်

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲပြေလည်ရေးလမ်းစရှိနိုင်မည်မဟုတ်ဟုထပ်လောင်းအသိပေး

၂၀၂၀ ​ရွေး​ကောက်ပွဲမှာ NLD အပြတ်အသတ်အနိုင်ရရှိပြီး​နောက် ​ပြည်သူ​တွေအောင်ပွဲခံစဥ်။ ဓါတ်ပုံ-EPA

မတ်-၁၊၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလ သတ္တမအကြိမ်အစည်းအဝေး ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၈ရက်မှာ ကျင်းပခဲ့ရာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ရဲ့ တရားဝင်တည်ရှိမှုဖြင့် ပြည်ထောင်စုလွှတ်တော်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်များခေါ်ယူကျင်းပဖို့ အပါအဝင် ဆုံးဖြတ်ချက် ( ၁၃ ) ချက် ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း NLD ဗဟိုအလုပ်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

​ဖေ​ဖော်ဝါရီ ၂၈ ရက်​နေ့ကကျင်းပတဲ့ အစည်းအဝေးကို သဘာပတိအဖွဲ့ဝင် (၁) ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ ၊ အရံဗဟိုကော်မတီဝင်များစုစုပေါင်း ( ၅၁ ) ဦးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အလုပ်အမှုဆောင် ( ၂၀ ) ဦး၊ ဗဟိုရေးရာကော်မတီများမှ (၁၈ )ဦးအထူးဧည့်သည်တော် ၉ ဦးအပါအဝင် ၉၉ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးအတည်ပြုချက်တွေထဲမှာစစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲပြေလည်ရေးလမ်းစရရှိနိုင်မယ် မဟုတ်ဟု ယုံကြည်ကြောင်း ထပ်လောင်းအသိပေးပြီး မတရားဖမ်းဆီး ခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို စီမံချက်များရေးဆွဲ ဆောင်ရွက်ဖို့ ပါရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ပါတီအင်အားကျစ်လစ်ခိုင်မာရေးအတွက်အဆင့်ဆင့်သော ပါတီအမှုဆောင်များရဲ့ ထိရောက်သောဦးဆောင်မှုဖြင့် စီမံချက်များ ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရန်လည်း ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးမှာ ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့မှ ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ၊ အကြံပြု စာတမ်းများ တင်ပြဆွေးနွေးခဲ့ကြကြောင်းလည်း ဖော်ပြကာ ဗဟိုအလုပ်ကော်မတီရဲ့ လုပ်ငန်းအစီရင်ခံစာကို အတည်ပြုပြီး တင်သွင်းလာသော အစီရင် ခံစာများ၊ အကြံပြုချက်များကို မှတ်တမ်းတင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

NLDပါတီဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရရှိကာလွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့ ပါတယ်။အာဏာသိမ်းမှု ၅နှစ်နီးပါးအကြာ ၂၀၂၅ ဒီဇင်ဘာမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြီး အာဏာတည်မြဲရေးဆက်လက်ကြိုးပမ်းလျက်ရှိရာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲရလဒ်ကို မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက အသိအမှတ်ပြုတာ မရှိခဲ့ပါဘူး။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကလည်း တရားမဝင် စစ်အာဏာသိမ်းမှု (၅) နှစ်ပြည့် ကြေညာချက်ကို ၂၀၂၆ ဖေဖော်ဝါရီ ၁ရက်မှာ ထုတ်ပြန်ခဲ့ရာ ၂၀၂၀ ရွေးကောက်ပွဲမှာ ထုတ်ဖော်ပြသခဲ့တဲ့ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုတဲ့ တရားဝင် ဥပဒေ ပြု အဖွဲ့အစည်းဖြစ်သော CRPH အနေနဲ့ စစ်အုပ်စု ပြုလုပ်ခဲ့တဲ့ ဟန်ပြ ရွေးကောက်ပွဲတွေနဲ့ အဲဒီက ထွက်ပေါ်လာမယ့် အဖွဲ့အစည်းမှန်သမျှ လုံး၀ အသိအမှတ် မပြုကြောင်း အတည်ပြုဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။