Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ဆွေးနွေးဖို့ ဖိတ်ခေါ်လာနိုင်လို့ တော်လှန်ရေးလမ်းကြောင်းက သွေဖယ်မသွားကြဖို့ NUG ဝန်ကြီးချုပ် သတိပေး

စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး တရားဝင်အစိုးရအဖြစ် ပုံဖော်ကာ နိုင်ငံတကာကို လိမ်လည်ဖို့ လုပ်ဆောင်တော့မှာ ဖြစ်သလို သူတို့ လုပ်နေကျ အတိုင်း ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး စတဲ့ လမ်းကြောင်းတွေကို အကြောင်းပြ ဖိတ်ခေါ်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။

မတ်-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး တရားဝင်အစိုးရအဖြစ် ပုံဖော်ကာ နိုင်ငံတကာကို လိမ်လည်ဖို့ လုပ်ဆောင်တော့မှာ ဖြစ်သလို သူတို့ လုပ်နေကျ အတိုင်း ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး စတဲ့ လမ်းကြောင်းတွေကို အကြောင်းပြ ဖိတ်ခေါ်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။

မတ်လ ၉ရက် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော် (၁၁)ကြိမ်မြောက် အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာပါ။

“သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေအတိုင်း ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေး စတဲ့ လမ်းကြောင်းများကို အကြောင်းပြကာ ဖိတ်ခေါ်မှုတွေ လုပ်ဆောင်လာနိုင်တာကြောင့် တော်လှန်ရေးရဲ့ ဦးတည်ချက်နဲ့ လမ်းကြောင်းမှန်ကနေ သွေဖယ်မသွားစေဖို့ တော်လှန်ရေး အင်အားစုများရဲ့ စုစည်းညီညွတ်မှုကို ပြသရမယ့် အချိန်ကာလလည်းဖြစ်ပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း တော်လှန်ရေး ဦးဆောင်အဖွဲ့များအကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေရေးအတွက် အချိန်ပေး တွေ့ဆုံဆွေးနွေးမှုကို ဆက်တိုက် လုပ်ဆောင် နေကြောင်း အသိပေးပါတယ်။

ဒါအပြင် အားကောင်းတဲ့ စုဖွဲ့မှုကနေတဆင့် အာဏာရှင် စနစ် အမြစ်ပြတ် ဖယ်ရှားနိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါက်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်လာဖို့နဲ့ ပြည်သူလူထုရဲ့ လွတ်လပ်မှု၊ လုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးရေး အားကောင်းတဲ့ နိုင်ငံတစ်ခု ဖြစ်ဖို့ ဆက်လက် ကြိုးပမ်းသွားကြဖို့ လည်း ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်မှာ စစ်အုပ်စု လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ တရားမဝင်ကြောင်း မှတ်တမ်းတင်ခဲ့သလို သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဟာ အထူးဦးစားပေးလုပ်ငန်းစဉ် ဖြစ်ကြောင်း အရေးကြီးအဆိုကိုလည်း ကန့်ကွက်သူမရှိ မှတ်တမ်းတင်ကြောင်း ကြေညာခဲ့ပါတယ်။

ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော် (၁၁) ကြိမ်မြောက်အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါးလရှီးလ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်နဲ့ ဗဟိုအလုပ်ကော်မတီဝင်များ၊ ရန်ကုန်တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်း/ဖက်ဒရယ်ယူနစ်လွှတ်တော် အသီး သီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ လုပ်ဖော်ကိုင်ဖက် မဟာမိတ် နိုင်ငံရေး၊ တော်လှန်ရေး အင်အားစုများ၊ ရန်ကုန်ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ သော မိတ်ဖက်အဖွဲ့အစည်းများ၊ အထူးဖိတ်ကြားထားသော နိုင်ငံခြားသံရုံးများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများမှ သံတမန်များ၊ ဧည့်သည်တော်များတက်ရောက်ခဲ့ဟု ရန်ကုန်လွှတ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။