Connect with us

Hi, what are you looking for?

သတင်း

ရေတပ်စခန်းတစ်ခုဆုံးရှုံးထားပြီး ရေတပ်စခန်းဌာနချုပ်တစ်ခုတိုက်ခိုက်ခံနေရချိန်မှာ စစ်တပ်ကအကြီးဆုံးရေလုံလွန်းကျင်းဖွင့်ပွဲကိုခမ်းခမ်းနားနားလုပ်

ရေတပ်စခန်းတစ်ခုဆုံးရှုံးပြီး နောက်ထပ် ရေတပ်စခန်းဌာနချုပ်တစ်ခု တိုက်ခိုက်ခံနေရချိန်မှာ အာဏာသိမ်းခေါင်းဆောင်က အကြီးဆုံး ရေလုံလွန်းကျင်းဖွင့်ပွဲနဲ့ စစ်ရေယာဉ် ၅ စီး ရေချပွဲခဲ့ပါတယ်။

(ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲ နဲ့ စစ်ရေယာဉ် ၅စီး စတင် အသုံးပြုတဲ့အခမ်းအနား ပြုလုပ်စဥ် နဲ့ AA က ၂၀၂၄စက်တင်ဘာ ၅ ရက်မှာ ​မောင်​ရွှေ​လေး​ရေတပ်စခန်းသိမ်းယူခဲ့စဥ် / ​ကျောက်​တော်မြို့နယ်အတွင်းမြစ်​ကြောင်းတိုက်ပွဲမှာ စစ်သင်္ဘော ကိုသိမ်းယူခဲ့စဥ် ။ဓါတ်ပုံ-စစ်​ကောင်စီ၊AA)

မတ်-၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရေတပ်စခန်းတစ်ခုဆုံးရှုံးပြီး နောက်ထပ် ရေတပ်စခန်းဌာနချုပ်တစ်ခု တိုက်ခိုက်ခံနေရချိန်မှာ အာဏာသိမ်းခေါင်းဆောင်က အကြီးဆုံး ရေလုံလွန်းကျင်းဖွင့်ပွဲနဲ့ စစ်ရေယာဉ် ၅ စီး ရေချပွဲခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲ နဲ့ စစ်ရေယာဉ် ၅စီး စတင် အသုံးပြုတဲ့အခမ်းအနားကို မတ်လ ၈ရက်မှာ ပြုလုပ်ခဲ့တာလို့ စစ်တပ်ဝါဒဖြန့် မီဒီယာ​တွေမှာ အကျယ်တဝင့်​ဖော်ပြ​နေပါတယ်။

အဲ့ဒီပွဲကိုအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ကြည်းချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊‌ ရေချုပ်ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ လေချုပ်ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့ တက်ရောက်ခဲ့ပေမယ့် စစ်ကောင်စီဒုခေါင်းဆောင်ဖြစ်တဲ့ ‌ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်လာခြင်းမရှိပါဘူး။

Public Service Announcement

Public Service Announcement

တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဟာ မြန်မာနိုင်ငံမှာအကြီးဆုံးဖြစ်ကြောင်း နဲ့ သာလွန်မင်းလို့ အမည်ပေးထားတဲ့ဖရီးဂိတ်စစ်ရေယာဉ် ၁စီး၊ မြစ်တွင်းသွားဘက်စုံသုံး စစ်ရေယာဉ်(၄)စီး ရေချခဲ့တယ်လို့ဆိုပါတယ်။ရေတပ်အတွက် အားသစ် လောင်းခြင်းလို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၃က မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အပြင် သံတွဲမြို့က မောင်ရွှေလေးရေတပ်စခန်းလည်း ဆုံးရှုံးခဲ့ပါတယ်။အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်(MNDAA)က သိမ်းပိုက်ခဲ့တာဖြစ်ပြီး တရုတ်အစိုးရရဲ့ ဖိအားကြောင့် စစ်ကောင်စီထံ MNDAAက ပြန်လွှဲပေးထားရပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့မောင်ရွှေလေးရေတပ်စခန်းကို​တော့ အာရက္ခတပ်တော်(AA)က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ရေတပ်ပင်မရေငုပ်နဲ့ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းလို့ခေါ်တဲ့ မောင်ရွှေလေးရေတပ်ကို၂၀၂၄ ဩဂုတ်လ ၇ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တစ်လမကြာပဲ ၂၀၂၄စက်တင်ဘာလ (၅) ရက်မှာ သိမ်းယူခဲ့တာလို့ AAကထုတ်ပြန်ခဲ့ပါတယ်။ဒါဟာစစ်တပ်အတွက် ​ရေတပ်စခန်းဌာနချုပ်တစ်ခုကို ပထမဆုံးလက်လွှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀၀ခန့် ရှိပြီး ၄၀၀ခန့် သေဆုံးခဲ့သလို ကျန်တဲ့သူတွေကို စစ်ကောင်စီကစစ်တွေနဲ့ဧရာဝတီတိုင်းဖက်ကို အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားနိုင်ခဲ့တယ်လို့ AAက ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာလည်း AAက ကျောက်ဖြူမြို့သိမ်းတိုက်ပွဲအရှိန်မြှင့်နေပြီး ကျောက်ဖြူပင်လယ်ပြင်မှာရှိတဲ့ ဓညဝတီ ရေတပ်စခန်းဌာနချုပ်ကို ဦးတည်ပြီး စစ်ရေးဖော်ဆောင်နေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။ကျောက်ဖြူမြို့က တရုတ်အစိုးရနဲ့ ဆက်စပ်တဲ့ စီမံကိန်းတွေက စက်ပစ္စည်းတွေနဲ့ဝန်ထမ်းတွေကိုလည်း တရုတ် ကုမ္ပဏီတွေက နေရာရွှေ့ပြောင်းနေတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီဝါဒဖြန့်ချီရေးစာမျက်နှာတချို့ကပါ လူမှုကွန်ရက်မှာ တင်ထားကြပါတယ်။

လက်ရှိမှာ နေပြည်တော်နဲ့ရန်ကုန်ကလွဲလို့ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေပြီးစစ်တပ်က လေကြောင်းအင်အားသုံး ခုခံနေပါတယ်။နေပြည်တော်မှာ ဇန်နဝါရီ ၄ ရက်က ပြုလုပ်တဲ့ ဂုဏ်ထူးဆောင်တံဆိပ်ပေးအပ်ပွဲမှာလည်း စစ်တပ်ကိုကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ Standard Army ဖြစ်အောင် တည်ဆောက်နေတယ်လို့ ဝါဒဖြန့်ချိရေးမိန့်ခွန်း ပြောခဲ့ပါတယ်။

ဒါအပြင် အခုတပ်​တော်ဝင်တဲ့ ဖရီးဂိတ်စစ်ရေယာဉ်ကြီး​စစ်​ရေယာဥ် (သာလွန်မင်း)ဟာစစ်တပ်က ပြည်တွင်းကကိုယ်တိုင် တည်​ဆောက်ထားတဲ့အထဲအရွယ်အစားအကြီးဆုံး စစ်​ရေယာဥ်ဖြစ်တယ်လို့ဆိုပါတယ် ။ ဒါ​ကေမယ့် စစ်တပ်ဟာ ​တော်လှန်​ရေးတပ်ဖွဲ့​တွေနဲ့ ​ရေပြင်တိုက်ပွဲ​တွေမှာ အာရက္ခတပ်​တော်ကို အကြီးအကျယ်ရှုံးထားပါတယ်။ ​မောင်​ရွှေ​လေး​ရေတပ်စခန်းကို AA ထံလက်လွှတ်ခဲ့ရသလို ၂၀၂၄ ​ဖေ​​ဖော်ဝါရီ လဆန်းက​ကျောက်​တော်မြို့နယ်အတွင်း မြစ်​ကြောင်းတိုက်ပွဲမှာ AA က စစ်သင်္ဘော ၂စီး နဲ့ ဇက်သင်္ဘော ၁ စီးကိုသိမ်းယူဖျက်ဆီးခဲ့ပါတယ် ။ အလားတူ ၂၀၂၄ ခုနှစ်မိုးရာသီမှာ ဧရာဝတီမြစ်​ကြောင်းအတိုင်းဗန်း​မော်ကို စစ်ကူနဲ့လက်နက်ခဲယမ်း၊ရိက္ခာ​တွေပို့တဲ့ စစ်သင်္ဘောနဲ့စစ်​ရေယာဥ်​အများစုကိုKIA နဲ့ PDF ​တွေကတိုက်ခိုက် ဖျက်ဆီးနစ်မြှပ်ပစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။