Connect with us

Hi, what are you looking for?

သတင်း

ဟင်္သာတမြို့လယ်က နှစ်ရာချီသက်တမ်းရှိ လမ်းတိုကို ကတ္တရာထပ်ခင်းပြီး လမ်းဖွင့်ပွဲလုပ်ဖို့ စစ်ကောင်စီ စီစဉ်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့လယ်က နှစ်ပေါင်းရာချီသက်တမ်းရှိနေပြီဖြစ်တဲ့ ကတ္တရာလမ်းအတိုကို ကတ္တရာထပ်ခင်းကာ တပ်မတော်နေ့ဂုဏ်ပြုတာဆိုပြီး လမ်းဖွင့်ပွဲလုပ်ဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ဟင်္သာတမြို့အဝင် အာဇာနည်ပန်းခြံထဲမှာ ဆောက်ထားတဲ့ အများသုံးအိမ်သာ ။ဓါတ်ပုံ-​​ဒေသခံ)

မတ်-၁၁၊၂၀၂၆။မိထက်/People’s Spring

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့လယ်က နှစ်ပေါင်းရာချီသက်တမ်းရှိနေပြီဖြစ်တဲ့ ကတ္တရာလမ်းအတိုကို ကတ္တရာထပ်ခင်းကာ တပ်မတော်နေ့ဂုဏ်ပြုတာဆိုပြီး လမ်းဖွင့်ပွဲလုပ်ဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ နတ်မော်လမ်းကို စစ်ကောင်စီက ပြင်ဆင်ပြီး လမ်းဖွင့်ပွဲလုပ်ဖို့ အကြီးအကျယ်ပြင်ဆင်နေတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

” လမ်းက ပေ ၁၀၀၀လောက်ပဲရှိတဲ့လမ်းကို တစ်လက်မတောင်မထူတဲ့ ကတ္တရာလမ်းခင်းတာ။ခင်းတုန်းကလည်း ဖုန်တွေသဲတွေကြောင့် လူကြီးတွေဆို ကျန်းမာရေးထိခိုက်ခဲ့ရတယ်။ ဖုန်တွေထလို့ ရေဖြန်းတာ‌တောင် စည်ပင်က လာတားတယ်။ ကတ္တရာတွေ မစွဲမှာစိုးလို့တဲ့။ ရိုင်းရိုင်းပြောရရင် ဆင်ဟဝှာကို အနာလုပ်တာ”လို့ အဲ့ဒီလမ်းက ကုန်စုံဆိုင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နတ်မော်လမ်းမှာ စစ်ကောင်စီရဲ့ စည်ပင်ဌာနပိုင်အဖြစ်သတ်မှတ်ထားတဲ့လမ်းဖြစ်ပြီး ဘဏ်တွေ၊ ကုန်စုံဆိုင်တွေ၊ လျှပ်စစ်ပစ္စည်းဆိုင်တွေ၊ အိမ်ဆောက်ပစ္စည်ဆိုင်တွေအပြင် ကားဂိတ်လည်း ရှိတဲ့ လမ်းပါ။ ကိုလိုနီခေတ်ကတည်းက ဖောက်ခဲ့တဲ့လမ်းဖြစ်ပြီး မြို့လယ်ခေါင်မှာဖြစ်လို့ နှစ်စဉ် ပြင်ဆင်မှုလုပ်နေတဲ့လမ်းလည်း ဖြစ်ပါတယ်။ ယခုလည်း လမ်းအပျက်အစီးမရှိဘဲ ကတ္တရာပါးပါးခင်းပြီး လုပ်ကွက်ဖော်ပြတာလို့ မြို့ခံတွေက ပြောပါတယ်။

“လမ်းက ဘာမှပျက်စီးတာမရှိဘူး။ ကတ္တရာနည်းနည်းလေးခင်းပြီး စည်ပင်က သိန်းထောင်ချီစားသွားပြီ။ ဒီလမ်းကိုမှ ထပ်ပြီး ဖွင့်ပွဲလုပ်ပြမယ်ဆိုတာက မြို့ခံတွေအတွက်တော့ အရမ်း ဟာသဆန်တယ်” လို့ ဟင်္သာတမြို့၊ ဥယျာဉ်တောင်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

နတ်မော်လမ်းထိပ်မှာ ဟင်္သာတမြို့အဝင် အဝိုင်းပတ်ရှိပြီး အာဇာနည်ပန်းခြံနဲ့လည်း ကပ်နေတာပါ။ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက်ပိုင်း ဟင်္သာတမြို့အဝင်က အာဇာနည်ပန်းခြံထဲမှာ အများသုံးအိမ်သာ ဆောက်ခဲ့ပါတယ်။ အခုလည်း လမ်းဖွင့်ပွဲအတွက်တိုပြီး နတ်မော်လမ်းနဲ့ဟင်္သာတမြို့အဝင် အဝိုင်းပတ်ဆုံရာနေရာမှာ သံထည်တွေသုံးပြီး လမ်းဖွင့်ပွဲဆိုင်းဘုတ်လုပ်ထားတယ်လို့ မြို့ခံတွေကပြောပါတယ်။

” ဟင်္သာတ စည်ပင်က စစ်တပ်ကို ဖားလျားပြီးလုပ်တာ။ အခုလိုလုပ်တာ စစ်တပ်တောင် ရှက်ဖို့ကောင်းတယ်။ တစ်မြို့လုံးသိနေတဲ့ ရှက်ဖွယ်ကိစ္စကြီး။ စည်ပင်ကို ဝင်စစ်လိုက်။ ခိုးထားတာအများကြီးပဲ” လို့ ဟင်္သာတမြို့၊ မြဝတီရရပ်ကွက်မှာနေသူတစ်ဦးကပြောပါတယ်။

ဟင်္သာတမြို့ပေါ်မှာ ယမန်နှစ် ၂၀၂၅ကလည်း စည်ပင်ဌာနကနေ လမ်းတွေကို ချဲ့မယ်ဆိုပြီး ကွန်ကရစ်တွေခင်းခဲ့ပေမယ့် ရေမြောင်းမလုပ်တော့ နိမ့်ကျပြီး ပျက်စီးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။