Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်က ကစ္ဆပနဒီတံတားကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က ကစ္ဆပနဒီတံတားကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ပျက်စီးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

(ကစ္ဆပနဒီတံတားကို ၂၀၂၄ ဖေဖော်ဝါရီ ၁၁ရက်က စစ်တပ်ဗုံးကြဲအပြီး မြင်ကွင်း။ ဓာတ်ပုံ - CJ)

မတ်-၁၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က ကစ္ဆပနဒီတံတားကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ပျက်စီးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

မတ်လ ၁၂ရက် ည ၉နာရီ ၄၅မိနစ်ခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာဖြစ်ပြီး တံတားကိုယ်ထည်နဲ့ လက်ရမ်းတွေပျက်စီးသွားတယ်လို့ အဲဒီတံတားကို ဖြတ်သန်းခဲ့တဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးကပြောပါတယ်။

” ကြံ့ခိုင်မှုအတွက် စိတ်ပူရတယ်။ ထိန်းသွားလို့တော့ ရနေသေးတယ်။ တံတားကြမ်းပြင်တွေလည်းထိတယ်။အထူးသဖြင့် တံတားညာခြမ်းက တော်တောိထိထားတယ်”လို့ ၎င်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကစ္ဆပနဒီတံတားဟာ ကုလားတန်မြစ်ပေါ်မှာ တည်ဆောက်ထားပြီး ကျောက်တော်- မြောက်ဦး- မင်းပြားမြို့နယ်တွေကို ဆက်သွယ်ထားသလို ရန်ကုန်- စစ်တွေ လမ်းမကြီးပေါ်က အဓိကတံတားလည်းဖြစ်ပါတယ်။

ကျောက်တော်မြို့ကို အာရက္ခတပ်တော်(AA)က ၂၀၂၄ ဖေဖော်ဝါရီပထမလပတ်မှာ သိမ်းယူခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ရက်မှာ စစ်ကောင်စီက ကစ္ဆပနဒီတံတားကို လေကြောင်းကနေ ဗုံးကြဲခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်မှာ AAရဲ့ မြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီက အများပြည်သူအသုံးပြုနေတဲ့တံတားတွေ၊ လမ်းတွေကို ဖောက်ခွဲဖျက်ဆီးဖို့အမိန့်ပေးခဲ့လို့ တံတားအချို့ ဖျက်ဆီးခဲ့တယ်လို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၃၆)တပ်ရင်း ဆေးအရာခံဗိုလ်က AAထံ ထုတ်ဖော်ဝန်ခံခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တွေနဲ့ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲ ပိုမိုပြင်းထန်နေပြီး စစ်ကောင်စီက AAထိန်းချုပ်ထားတဲ့မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြှင့်နေပါတယ်။

AAကလည်း လေကြောင်း၊ရေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုသတိပေးထားပါတယ်။မတ်လ ၈ရက်က အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်း အကျဉ်းစခန်းကို စစ်ကောင်စီက ဗုံးကြဲခဲ့လို့ အရာရှိကြီး‌ တွေအပါအဝင် စစ်သုံ့ပန်း ၁၁၆ဦး သေဆုံးခဲ့ပြီး ၃၂ ဦးဒဏ်ရာရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။