Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ စစ်ကောင်စီက စက်သုံးဆီရောင်းရမယ့်ပမာဏ သတ်မှတ်

ရန်ကုန်မြို့မှာ စစ်ကောင်စီက စက်သုံးဆီရောင်းရမယ့် ပမာဏကို သတ်မှတ်လိုက်တယ်လို့ ဆီဆိုင်ဝန်ထမ်းအချို့က ပြောပါတယ်။

မတ်-၁၃၊ ၂၀၂၆။မိုမို/Peoples’ Spring

ရန်ကုန်မြို့မှာ စစ်ကောင်စီက စက်သုံးဆီရောင်းရမယ့် ပမာဏကို သတ်မှတ်လိုက်တယ်လို့ ဆီဆိုင်ဝန်ထမ်းအချို့က ပြောပါတယ်။

ဒီနေ့ မတ်လ ၁၃ရက်ကစပြီး ဓာတ်ဆီ( ၉၂ နဲ့ ၉၅) အတွက် တစ်ရက်ကို ဆိုင်ကယ်၊သုံးဘီးနဲ့ အိုးဝေ က ၃လီတာ နဲ့ အိမ်စီးကား၊ တက္ကစီကားတွေအတွက် ၁၅ လီတာပဲရောင်းရမယ်လို့ စစ်ကောင်စီရဲ့ရန်ကုန်တိုင်းအစိုးရက သတ်မှတ်လိုက်ပါတယ်။

ဒီဇယ်နဲ့အဆင့်မြင့်ဒီဇယ်ဆီက အိမ်စီးကား၊Light Truck တွေကို ၂၅ လီတာနဲ့ ခရီးသည်တင်ယာဥ်၊ကုန်တင်ကားတွေအတွက် လီတာ ၅၀၊ ကုန်တင်တွဲကား ကြီးတွေက လီတာ ၁၅၀ ပဲရမယ်လို့ စက်သုံးဆီဆိုင်တချို့ရဲ့ဝန်ထမ်းတွေထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အခုက ယာဥ်ငယ်ဆို ငါးသောင်းဖိုး ပဲရောင်းရတာ။ ကုန်တင်ကားတွေကိုက တစ်သိန်း ဖိုး။ဒီလောက်ပဲ။ဆီဆိုင်နဲ့ချိတ်ထားတဲ့ ယာဥ်တွေကို တော့ ဆီပိုပေးရတယ်”လို့ Max ဆီဆိုင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ ဒေသန္တရအုပ်ချုပ်ရေးတွေရဲ့ ထုတ်ပြန်ချက်တွေက ရှုပ်ထွေးတာအပြင် လျော်ညီမှုမရှိတာတွေကြောင့် ကုန်တင်ယာဥ် တချို့ဟာ ရပ်နား တာမျိုးတွေ ဖြစ်လာတယ်လို့ သိရပါတယ်။

“တရက်တကြိမ်ဆီထည့်ရတဲ့ မနေ့က ကတည်းက ကုန်ကားတချို့ ရပ်လိုက်ရတယ်။အခု လီတာ သတ်မှတ်ချက်အရ ဆိုရင်လည်း ကုန်တင်ယာဥ်တွေ ရဲ့ လိုအပ်ချက်ကို အပြည့်အဝ မဖြည့်နိုင်ဘူး”လို့ အဝေးပြေကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါကြောင့် ကုန်စည်စီးဆင်းမှု လျော့နည်းတာနဲ့ စရိတ်စကတွေ ကြီးမြင့်လာလိမ့်မယ်လို့လည်း သူက အသိပေးပါတယ်။

စစ်ကောင်စီက သတ်မှတ်ပေးတဲ့ ပြည်တွင်းစက်သုံးစျေးကလည်းသုံးပတ်ဆက်တိုက်မြင့်တက်နေပြီး ဒီက နေ့(မတ်လ ၁၃ ရက်)ရန်ကုန်အထိုင် စက်သုံးဆီစျေးအရ ဓာတ်ဆီ 92 တစ်လီတာက ၂,၈၃၀ ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၂,၉၃၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၃,၂၀၅ နဲ့ ပရီမီယံဒီဇယ် ၃,၅၆၀ ကျပ် ဖြစ်ပါတယ်။

ဒါပေမယ့် ရန်ကုန်မြို့ထက် မန္တလေးအပါအဝင် နယ်မြို့တွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားတဲ့ဒေသတွေမှာ စက်သုံးဆီ စျေးက သုံးပတ်အတွင်း တစ်လီတာကို ၆ ဆ ကနေ ရှစ်ဆ နီးပါးမြင့်တက်တာ နဲ့ ခက်ခက်ခဲခဲ ဝယ်ယူရတာတွေ ဖြစ်နေပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လဆန်းမှာ အရန်စက်သုံးဆီရက် ၄၀ စာရှိသေးတယ်လို့ ဆိုထားပါတယ်။ဒါအပြင် ဆီတင်သဘော် ၁၀ စီးကျော်လာဖို့ရှိသေးတယ်လို့ဆိုခဲ့တာပါ။

ဒါပေမယ့် စစ်ကောင်စီရဲ့စက်သုံးဆီဝယ်ယူနိုင်ခွင့် ကန့်သတ်ချက်တွေကြောင့် မတ်လ ၇ရက်ကစပြီး စက်သုံးဆီ အသုံးပြုရတဲ့သူတွေကြားမှာ တနေ့တခြားစိုးရိမ်မှုတွေ ပိုဖြစ်လာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။